Connect with us

Videos

Greater Bay ဒေသတွင် တည်ဆောက်ထားသည့်ကမ်းလွန်လေအားလျှပ်စစ်ထုတ်လုပ်ရေး

ပေကျင်း၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ကွမ်တုန်း-ဟောင်ကောင်-မကာအို greater bay ဒေသတွင် ကမ်းလွန်လေအား လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းအားချိတ်ဆက်တည်ဆောက်ထားပြီးဖြစ်ကြောင်းသိရသည်။ယင်း လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွင် လေရဟတ်ပေါင်း ၅၅ ခုဖြင့် စက်ရုံအား လည်ပတ်ကာ လျှပ်စစ်ထုတ်လုပ်ပြီး ကုန်းတွင်းသို့ပြန်လည်ပို့ဆောင်ခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းအား China Energy Engineering Group ၏ Guangdong Electric Power Design Institute က စာချုပ်ချုပ်ဆိုတည်ဆောက်ခြင်းဖြစ်သည်။လေရဟတ်တစ်ခုချင်းဆီတွင် ဆင်ဆာပေါင်း ၂,၀၀၀ ကျော်တပ်ဆင်ထားပြီး လေအရှိန်၊အပူချိန်၊ လေဖိအား စသည့်အချက်အလက်များအားလုံးကို ထည့်သွင်းစုဆောင်းကာ စင်တာသို့ပို့ဆောင်နိုင်စေရန်တည်ဆောက် ထားသည်။ လေရဟတ်များ၏ဦးတည်ရာအား real-time data ဖြင့်တွက်ချက်ကာချိန်ညှိနိုင်သည်။

ထိုစီမံကိန်းမှတစ်ဆင့်နှစ်စဉ် သန့်ရှင်းသည့်စွမ်းအင် ကီလိုဝပ်နာရီပေါင်း သန်း ၈၀၀ ခန့် ထုတ်လုပ် နိုင်မည်ဖြစ်ကာ အိမ်ထောင်စုပေါင်း ၃၀၀,၀၀၀ အတွက် လျှပ်စစ်လုံလောက်မှုရှိစေမည်။
အလားတူပမာဏရှိသည့်‌ကျောက်မီး‌သွေးထုတ်လုပ်ရေးစက်ရုံနှင့်နှိုင်းစာပါက ယခုစီမံကိန်းမှာ ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှု ၄၆၀,၀၀၀ တန်အားလျှော့ချနိုင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.