Videos
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသစာရင်းသွင်းခံထားရသည့် ဂူလန်ယွီ Gulangyu ကျွန်း
ရှမင်၊ ဇူလိုင် ၁ဝ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်ရှိ ဂူလန်ယွီကျွန်း ကို UNESCO က ၄၁ ကြိမ်မြောက်ကျင်းပခဲ့သည့် အစည်းအဝေးတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာအဖြစ်သတ်မှတ်ခဲ့ကြောင်းသိရသည်။ ဂူလန်ယွီ ကျွန်းသည် အကျယ်အဝန်း ၂ စတုရန်းကီလိုမီတာရှိပြီး လူဦးရေ ၂ဝဝဝဝ ခန့်နေထိုင်ရာကျွန်းတစ်ကျွန်း လည်းဖြစ်သည်။ ရှေးဟောင်းအဆောက်အအုံပေါင်း ၂ဝဝဝ ကျော် တည်ရှိရာအစိုးရက အဆိုပါ နေရာကို အကောင်းဆုံးပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ထားခဲ့သည်။နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များကိုဆွဲဆောင်ရာနေရာတစ်ခုလည်းဖြစ်သည့် ဂူလန်ယွီ ကျွန်း ကို နှစ်စဉ် ဧည်သည်ပေါင်း ၁ဝ မီလီယံကျော် လာရောက်လည်ပတ်ကြသည်။ ဂူလန်ယွီ ကျွန်း တွင် စန္ဒယား ပိုင်ရှင်များ စန္ဒယားချစ်သူများစွာ တို့နေထိုင်သောကြောင့် စန္ဒယားကျွန်းဟုလည်း ချစ်စနိုးခေါ်ဝေါ်ကြသည်။ တရုတ်နိုင်ငံ၏ နံမည်ကြီး ဂီတပညာရှင်များစွာမှာ ဂူလန်ယွီကျွန်မှ ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။တရုတ်နိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာပေါင်း ၅၂ နေရာ ရှိပြီဖြစ်ကြောင်းသိရသည်။ (Xinhua)