Connect with us

Videos

ဟွာဝေး (Huawei) ကုမ္ပဏီမှသီတင်းကျွတ်ကာလအတွင်း လှူဒါန်းခြင်းများ ပြုလုပ်

ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ဟွာဝေး (Huawei) ကုမ္ပဏီသည် သီတင်းကျွတ် ကာလအတွင်း ရန်ကုန် ၊ မန္တလေးနှင့် ပြည်မြို့များရှိ မိဘမဲ့ကလေးကျောင်းများ ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာများ ၊ မသန်စွမ်းကျောင်း နှင့် အခြား လိုအပ်ချက်များ ရှိသည့် စုစုပေါင်း (၆) နေရာတွင် ငွေကျပ် သိန်းပေါင်း ၁,၃၀၀ တန်ဖိုးရှိသော လှူဒါန်းခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဟွာဝေး ကုမ္ပဏီ မှ တာဝန် ရှိသူများ သည် အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ပိုင်းတွင် ရန်ကုန်မြို့ ရှိ ရွှေဂုံတိုင် ကလေးပြုစုရေးဌာန သို့သွားရောက်၍ ပစ္စည်းများ သွားရောက်လှူဒါန်း ခဲ့ပြီး ကလေးငယ်များအား လက်ဆောင်ပစ္စည်းများကိုလည်း ပေးအပ်ခဲ့သည်။ ထိုလှူဒါန်းပွဲတွင် ဟွာဝေး ကုမ္ပဏီ CEO ကျန်းလီမန် ( Zhang Liman) မှ ဟွာဝေး ကုမ္ပဏီသည် မြန်မာ နိုင်ငံ လူမှု အသိုင်းအဝိုင်းကို ပြန်လည် အကျိုးပြု ဆောင်ရွက်သည့် လုပ်ငန်းများကို ဦးဆောင်လမ်းပြ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

ထို့ပြင် ဟွာဝေး ကုမ္ပဏီ သည် အောက်တိုဘာ ၁၅ ရက် ညနေ ၄ နာရီ အချိန်တွင် သန်လျင်မြို့ရှိ သဘာဝ တရားရိပ်သာ တွင်နေထိုင်သော ဘိုးဘွားများနှင့်ယောဂီများအတွက် သွားရောက်လှူဒါန်းခဲ့ပါသည်။

ဟွာဝေး ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် ပရဟိတ လုပ်ငန်းများ ဆောင်ရွက်လေ့ရှိပြီး လွန်ခဲ့သည့် နှစ်က ရေဘေးတွင် ဟွာဝေး ကုမ္ပဏီမှ ကျပ်ငွေ သိန်းပေါင်း ၂,၀၀၀ နှင့် ရေဘေးကယ်ဆယ်ရေး ပစ္စည်းထုပ် ၁,၀၀၀ ကိုလှူဒါန်းခဲ့ပြီး သြဂုတ်လတွင် ဖြစ်ပွား ခဲ့သည့် ပုဂံ ငလျင်တွင်လည်း ကျပ်ငွေ သိန်းပေါင်း ၁,၀၀၀ ကို လှူဒါန်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.