Videos
Huawei ကုမ္ပဏီက ကိုယ်ပိုင် operating system ပါ စမတ်TV ကိုမိတ်ဆက်

ရှန်ဟိုင်း၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)
Huawei ကုမ္ပဏီက Harmony OS ဟု အမည်ပေးထားသည့် ကိုယ်ပိုင် operating system ပါဝင်သော စမတ်TV ကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် Dongguan တွင် နောက်ဆုံးကျင်းပပြုလုပ်ခဲ့သည့် Huawei Developer Conference ၌ မိတ်ဆက်ကြေညာခဲ့သည်။ “ဒါကတော့ အနာဂတ်မှာ ပေါ်ထွက်လာတော့မယ် Smart TV ပါ Honor Vision Smart TV လို့အမည်ရပါတယ်” ဟု Honor ၏ president ဖြစ်သူ Zhao Ming က ဆိုသည်။ Honor vision TV တွင် in-house နှင့် Distributed စနစ်များပါဝင်ပြီး ၅၅ လက်မရှိကာ 4K ရုပ်ထွက် အထိ ဖမ်းယူရရှိမည်ဖြစ်သည်။ TV အပြင် smart home hub အနေဖြင့်လည်း အသုံးပြုနိုင်ဦးမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)