Connect with us

Videos

တန် ၁၂ဝဝ အလေးချိန်ရှိ သံမဏိတံတားကြီးတစ်စင်းအား မြောက်ဘက်ဆီသို့ တဖြည်းဖြည်း ရွှေ့ကာ တည်ဆောက်

ရှန်ဟိုင်း၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် တန်ချိန် ၁၂ဝဝ အလေးချိန်ရှိ ပြီး ၇၅ မီတာအရှည်ရှိကာ ၁၆.၇၅ မီတာ အကျယ်ရှိသည့် သံမဏိတံတားကြီးတစ်စင်းကို တည်ဆောက်လျက်ရှိသည်။ ထိုတံတားကြီးမှာအသွားအလာများသော ရထားလမ်း နှင့် မြေအောက်ရထားလမ်း၂ စင်း၏ လမ်းကြောင်းပေါ်တွင်ဖြတ် ၍ တည်ဆောက်ရသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများကိုရှောင်ရှားရန်အတွက် သံမဏိတံတားကြီးကို မြောက်ဘက်ဆီသို့တဖြည်းဖြည်း ရွှေ့ကာ တည်ဆောက်ခြင်းဖြစ်ကြောင်းသိရသည်။ ဇူလိုင်လ ၁၁ ရက်နေ့မှ စတင်ကာ ၁၁ ညတိုင်တိုင် ထိုသို့တံတားအစိတ်အပိုင်းကိုရွှေ့ကာတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တံတားကြီးမှာ ရှန်ဟိုင်းမြို့ရှိ အရှေ့-အနောက်လမ်းပိုင်း ၏ အစိတ်အပိုင်းဖြစ်သည့် Beiheng လမ်းကြောင်း၏ အစိတ်အပိုင်းဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117