Connect with us

Videos

တရုတ်နိုင်ငံ၏ ပထမဆုံး ကိုယ်ထည်နှစ်ခုစပ် (hybrid )ဇိမ်ခံသင်္ဘောကြီး

ကျန်းစု၊ ဩဂုတ် ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး ကိုယ်ထည် နှစ်ခုစပ် (hybrid) ဇိမ်ခံသင်္ဘောကြီးတစ်စင်း ဖြစ်သည့် “ Da Wan Qu Yihao” သင်္ဘောကြီး ကို နိုင်ငံအရှေ့ပိုင်းကျန်းစုပြည်နယ်တွင် ထုတ်လုပ်ခဲ့ကြောင်းသိရသည်။ ၎င်းသင်္ဘောကို China Merchants Heavy Industry Co.,ltd က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီက စွမ်းအင်ချွေတာရန်နှင့်ကာဗွန်ထုတ်လုပ်မှုလျှော့ချရန်ရည်ရွယ်၍ လျှပ်စစ်ဓာတ်အား ပြန်လည်သွင်းယူနိုင်သည့် hybrid နည်းပညာဖြင့်  အဆိုပါ သင်္ဘာကြီးကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။၎င်းသင်္ဘောသည် အရှည် ၇၁.၈၈ မီတာ ၊ အကျယ် ၁၈.၇၂ မီတာ ရှိပြီး ခရီးသည်  ၃၅၀ ဦး တင်ဆောင်နိုင်ကြောင်း နှင့် တစ်နာရီလျှင် ရေမိုင် ၁၆. ၁၂ မိုင်နှုန်းခန့် ဖြင့် အမြန်ဆုံးသွားလာနိုင်ကြောင်း သိရသည်။၎င်းဇိမ်ခံသင်္ဘောကြီး သည် တရုတ်နိုင်ငံတောင်ပိုင်း Greater Bay Area (ပင်လယ်အော်ဒေသ) တွင် ခရီးသည်များအတွက် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းသိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.