Connect with us

Videos

ချင်းသောင်ရှိ Jiaozhou ပင်လယ်ကူးတံတားက ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကိုတိုးမြှင့်စေ

ချင်းသောင်၊ ဇွန် ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ချင်းသောင်ရှိ Jiaozhou ပင်လယ်ကူးတံတားမှာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသည့် ခရိုင်တစ်ခုဖြစ်သည့် Huangdao ခရိုင်ရှိ ကျေးရွာများကို သွယ်တန်းထားခြင်းဖြစ်ပြီး ၃၆.၄၈ ကီလိုမီတာ ရှည်သည်။ ထိုတံတားကို ၂ဝ၁၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ရာ ၎င်းမှာ ကမ္ဘာ့အရှည်ဆုံးပင်လယ်ကူးတံတား တစ်စင်းဖြစ်ခဲ့ဖူးသည်။ ၄ နှစ် အချိန်ယူကာ တံတားကို တည်ဆောက်ခဲ့ရပြီး ၁၄.၈ ဘီလီယံယွမ်နီးပါး ကုန်ကျခဲ့သည်။ ထိုတံတားမှ တစ်ဆင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကိုတိုးမြှင့်စေခဲ့ကာ ပြည်ပနှင့်ကုန်သွယ်မှုလုပ်ငန်းများကိုလည်း လွယ်ကူချောမွေ့စေခဲ့သည်။ချင်းသောင်မြို့သည် တရုတ်နိုင်ငံအရှေ့ပိုင်းတွင်ရှိသည့် ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်ပြီး မကြာမီ ကျင်းပတော့မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း SCO ၁၈ ကြိမ်မြောက်အစည်းအဝေးလက်ခံကျင်းပမည့် မြို့တစ်မြို့လည်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.