Connect with us

Videos

ဖိလစ်ပိုင်နိုင်ငံ တွင် lockdown ကာလ တိုးမြှင့်ချထား

မနီလာ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မက်ဒရို မနီလာ အပါအဝင် အခြား ဆက်စပ်ဧရိယာ ၄ နေရာ ၌ COVID-19 ကူးစက်ခံရမှု အရှိန်လျော့ကျသွားခြင်းမရှိသေးသဖြင့် သမ္မတဒူတာတေးက lockdown ကာလအား တိုးမြှင့်ချထားရန် ခွင့်ပြုခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သည့် စနေနေ့တွင် ပြောကြားခဲ့သည်။

သမ္မတ၏ ပြောခွင့်ရ ပုဂ္ဂိုလ် Harry Roque က မက်ထရိုမနီလာ နှင့် ဆက်စပ် ဒေသ ၄ ခု၌ ကွာရန်တင်းကာလ ကို အနည်းဆုံးတစ်ပတ်ခန့် ထပ်မံတိုးမြှင့်လိုက်ကြောင်း ရုပ်မြင်သံကြားမှ တစ်ဆင့်ကြေညာခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့် စနေနေ့က COVID-19 ကူးစက်ခံရမှု အတည်ပြုလူနာ ၁၂,၅၇၆ ဦးတွေ့ရှိခဲ့ရာ သောကြာနေ့ က တွေ့ရှိခဲ့သည့် ကူးစက်ခံရမှု အတည်ပြုလူနာ ၁၅,၃၁၀ ဦး ပြီးနောက် ဒုတိယမြောက်အမြင့်ဆုံး ကူးစက်ခံရမှု အရေအတွက်ဖြစ်လာကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.