Videos
ရုရှားနိုင်ငံ၏ ပြည်တွင်းဖြစ် အင်ဂျင်သုံး MC-21-310 လေယာဉ် ပွဲဦးထွက်ပျံသန်းမှုပြုလုပ်
ပေကျင်း ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)ဘာသာပြန်၊ ရုပ်သံတည်းဖြတ်/စုဝင့်
ရုရှားနိုင်ငံ၏ ပြည်တွင်းဖြစ် PD-14 အင်ဂျင်သုံး MC-21-310 လေယာဉ် အား ပြီးခဲ့သည့် အင်္ဂါနေ့တွင် ပွဲဦးထွက် ပျံသန်းမှုပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင် ရုပ်သံလုပ်ငန်းတစ်ခုဖြစ်သည့် Rostec ကော်ပိုရေးရှင်းက ဖော်ပြခဲ့သည်။
MC-21-310လေယာဉ်အား အဆင့်မြှင့်ထားသည့် ယခုလေယာဉ်အား ရုရှားနိုင်ငံ Irkut Corporation မှ တည်ဆောက်ခြင်းဖြစ်ပြီး Irkutsk Aviation စက်ရုံ၏ စမ်းသပ်မောင်းနှင်ကွင်း၌ အချိန် တစ်နာရီ ၂၅ မိနစ်ကြာမောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)