Connect with us

Videos

အမေရိကန်အခြေစိုက် တရုတ်လူမျိုးအလှမယ်ရွေးချယ်ပွဲ Miss Chinatown ၂၀၁၇ ကျင်းပ

ဆန်ဖရန်စစ္စကို၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံအခြေစိုက်တရုတ်လူမျိုးများ၏ Miss Chinatown ၂၀၁၇ ရွေးချယ်ပွဲကိုအမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၌ ဖေဖော်ဝါရီလ ၄ရက်က ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ တရုတ်လူမျိုး လှယဉ်ကျေးမယ် လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ Miss Chinatown ရွေးချယ်ပွဲကို အမေရိကန်နိုင်ငံရှိ တရုတ်လူမျိုး အဖွဲ့အစည်းများက ၁၉၅၈ခုနှစ်မှစတင်ကာ နှစ်စဉ်နှစ်တိုင်း တရုတ်နှစ်သစ်ကူးပွဲတော်ကာလတွင် ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲမှ ဆုရရှိသူ အလှမယ်များအနေဖြင့် အမေရိကန်အခြေစိုက်တရုတ်လူမျိုးများ၏ကိုယ်စားပြုသံတမန်အဖြစ် တရုတ်ရိုးရာယဉ်ကျေးမှု အားပေးမြှင့်တင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.