Connect with us

Videos

အလှမယ် မြတ်သီရိလွင် သည် Miss World ပြိုင်ပွဲသို့ မြန်မာပြည်ကိုယ်စားပြုယှဉ်ပြိုင်ရန် ရွေးချယ်ခံရ

ရန်ကုန်၊ ဇွန်၄ ရက် (ဆင်ဟွာ)
တစ်ကမ္ဘာလုံးဆိုင်ရာ အလှမယ်ပြိုင်ပွဲတစ်ခုဖြစ်သည့် Miss World ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလှမယ် မြတ်သီရိလွင်(ခ) Bella (ဘယ်လ်လာ) အားရွေးချယ်ခဲ့ကြောင်း သိရသည်။
မယ်ကမ္ဘာ (မြန်မာ) ၂၀၁၆ (Miss Myanmar World 2016 ) ပြိုင်ပွဲကို ဇွန် လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဂန္ဓမာခန်းမ၌ ကျင်းပခဲ့ပြီး မယ်ကမ္ဘာ (မြန်မာ) သရဖူကို မြတ်သီရိလွင်(ခ) ဘယ်လ်လာ ကရရှိခဲ့သည်။
ယခု Miss Myanmar world 2016 တွင် သရဖူဆုရရှိခဲ့သည့် အလှမယ် သည် ၆၆ ကြိမ်မြောက်ကျင်းပမည့် မယ်ကမ္ဘာ (Miss World) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မယ်ကမ္ဘာပြိုင်ပွဲသည် မယ်စကြာၤဝဠာပြိုင်ပွဲပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး အလှမယ်ပြိုင်ပွဲကြီး တစ်ခုဖြစ်သည်။
မယ်ကမ္ဘာ(မြန်မာ) အလှမယ် ကို အလှမယ်ပေါင်း များစွာထဲကမှ အဆင့်ဆင့်ရွေးချယ် ခဲ့ပြီးနောက် ယခုနောက်ဆုံးအဆင့်တွင်မူ စကာတင်အလှမယ် ၂၀ ဦးအနက်မှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 1st Runner up အဖြစ် အလှမယ် M Ja Seng (အမ်ဂျာဆိုင်း) ကရရှိခဲ့ပြီး 2nd Runner up အဖြစ် အလှမယ် လရိပ်ပြာကရရှိခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.