Connect with us

Videos

3D ဖြင့်တီထွင်ဖန်တီးမှုများ တရုတ်တွင်ပြသ

ရှန်ဟိုင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ)

မေလ ၃၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် 3D printing expo တွင် နောက်ဆုံးပေါ် 3D နည်းပညာများဖြင့် ကုမ္ပဏီပေါင်း ၁ဝဝ ကျော် က လာရောက်ပြသခဲ့သည်။

လာရောက်လည်ပတ်သူပေါင်း ၈ဝဝဝ ကျော်ရှိခဲ့သည့် အဆိုပါ expo တွင် 3D နည်းပညာဖြင့် လူ့ခန္ဓာကို အစိတ်အပိုင်းများဖန်တီးခြင်းနှင့် မိမိနှင့် တစ်ပုံစံတည်းချွတ်စွတ်တူသည့် 3D ပုံတူ Mini me အရုပ်များ ထုတ်လုပ်ခြင်း တို့ကို ပရိသတ်များက အထူးစိတ်ဝင်စားခဲ့သည်။ လူ့ကိုယ်ခန္ဓာအစိတ်အပိုင်းပုံစံတူများကို မိနစ် ၂ဝ အတွင်း ထုတ်လုပ်ပေးနိုင်ပြီး နောက်ပိုင်းတွင် ဆေးပညာ လောက၊ ခွဲစိတ်ပြုပြင်ခြင်း ကဏ္ဍများတွင် ပိုမို အသုံးဝင်လာတော့မည်ဖြစ်သည်။ ထို့အပြင် မိမိပုံရိပ်ကို 3D နည်းပညာပုံရိပ်ထွက်စက် ဖြင့် မိမိနှင့်တစ်ပုံစံတည်းprint ထုတ်ပေးနိုင်ရန်အတွက် အချိန် ၅ မိနစ်သာ ပေးရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.