Connect with us

Videos

တရုတ်နိုင်ငံတွင် ဆရာဝန်အားအိမ်သို့ပင့်နိုင်သော mobile application အသုံးပြုသူများလာ

ပေကျင်း၊ နိုဝင်ဘာလ (၄) ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏အဓိက မြို့ကြီး (၄) မြို့ဖြစ်သော ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးနှင့် နန်ကျင်းတို့ရှိဒေသခံများသည် ဆရာဝန်ပင့်ဆောင်နိုင်သည့် mobile application တစ်ခု အားအသုံးပြုနေကြပြီဖြစ်သည်။ လူနာပေါင်း ၂ဝဝဝထောင်ကျော်တို့ သည် အဆိုပါ application ကိုအသုံးပြုပြီး ဆရာဝန်များအားအိမ်သို့ ပင့်ကြကာ ဆေးကုသမှု ခံယူနေကြပြီဖြစ်သည်။ ဆရာဝန်များသည် ဆေးရုံတွင် ကုသမည်ဆိုပါက တနေ့လျင် လူနာပေါင်း (၃ဝ) မှ (၄ဝ) ခန့်အားကုသနိုင်သော်လည်း application ဖြင့် ပင့်ဖိတ်ခံရသောဆရာဝန်များမှာမူ ယာဉ် လမ်းကြော ပိတ်ဆို့မှု ကြောင့် လူနာများထံသွားရောက်ရာတွင်နှောင့်နှေးမှုများကြုံတွေ့ရပြီး တစ်နေ့လျင် လူနာဦးရေ (၃) ဦးသာ သွားရောက်ကုသပေးနိုင်ကြောင်းသိရသည်။

အရိုးရောဂါ၊ နှလုံးအမောဖောက်ခြင်းစသည့် ပြင်းထန်သောရောဂါများကိုမူ ဆေးရုံတွင်သာကုသခြင်းက အကောင်းဆုံးဖြစ်ကြောင်းအကြံပေးထားသည်။ အဆိုပါ application အား နာမကျန်းဖြစ်နေပြီး ဆေးရုံတွင် မစောင့်ဆိုင်းလိုသော လူနာများအတွက် ရည်ရွယ်ပြီးတီထွင်ခြင်းဖြစ်ကြောင်းသိရသည်။သို့ရာတွင် ဆေးရုံ ဆေးခန်းတွင် ပစ္စည်းကိရိယာအစုံအလင်ဖြင့် ကုသခြင်းမျိုးမဟုတ်သည့်အတွက် ဆရာဝန်များအနေဖြင့်လည်း အခြေခံကျသောကုသမှုသာ ပေးနိုင်မည်ဖြစ်သည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.