Education & Health
တရုတ်နိုင်ငံက အာဆီယံအား ထောက်ပံ့၍ မြန်မာနိုင်ငံအတွက် လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ လွှဲပြောင်းပေးအပ်
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အာဆီယံအား ထောက်ပံ့၍ မြန်မာနိုင်ငံအတွက် လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး (sinopharm) များကို စက်တင်ဘာလ ၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Mr. Zheng Zhihong က မြန်မာနိုင်ငံအတွက်လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ် ဆေးအကြိမ်ရေ (Doses) ၂ သန်းနှင့် တွဲဖက်ဆေးထိုးအပ်များ ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ ယခင်က နှစ်ဦးနှစ်ဖက်လမ်းကြောင်းမှတစ်ဆင့် ကူညီလှူဒါန်းသည့် Vaccine များအပါအဝင် မြန်မာနိုင်ငံအတွက် ကာကွယ်ဆေး အကြိမ်ရေပေါင်း ၅၃ သန်း ထောက်ပံ့ပေးပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဩဂုတ်လ ၂၉ ရက်အထိ ၁၈ နှစ်အထက် လူဦးရေပေါင်း သန်း ၃၀ အား ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကာ ထိုးနှံမှုနှုန်းအနေဖြင့် ၉၆ ရာခိုင်နှုန်း ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းက အဆိုပါ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။ (Xinhua)