Videos
အစိမ်းရောင်လျှပ်စစ်ဓါတ်အားပေးစက်ရုံက ထိုင်းနိုင်ငံ၏ ကာဗွန်လျော့နည်းသော လူ့အဖွဲ့အစည်းဆီသို့ ကူးပြောင်းမှုကို အားဖြည့်ပေး
ဘန်ကောက်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတွင် တည်ရှိသော Sirindhorn ဆည်ရှိ ရေပေါ်ဆိုလာစီမံကိန်းသည် ဒေသခံလူထုအတွက် အစိမ်းရောင်စွမ်းအင်ကို ပိုမိုဆောင်ကြဉ်းပေးလျက်ရှိကြောင်း သိရသည်။အဆိုပါ စီမံကိန်းကို China Energy Engineering Group မှ ပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သည်။တစ်နှစ်ကြာ စီးပွားဖြစ် လည်ပတ်ပြီးနောက် အဆိုပါ စီမံကိန်းသည် ပြခန်းစင်တာနှင့် လာရောက်လည်ပတ်သူများအနေဖြင့် ဆည်ရှုမျှော်ခင်းနှင့် ရေပေါ်ဆိုလာပြားမြင်ကွင်းကို ကြည့်ရှုခံစားနိုင်မည့် မီတာ ၄၀၀ ရှည်လျားသည့် “သဘာဝလူသွားစင်္ကြံ” ပါဝင်သဖြင့် ရေရှည်တည်တံ့သော သက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို အကျိုးရှိစေမည့် ပလက်ဖောင်းတစ်ခုဖြစ်လာခဲ့သည်။
စွမ်းအင်အရင်းအမြစ်နှစ်ခုပေါင်းစပ်ထားသော အဆိုပါစီမံကိန်းက နေ့အချိန်တွင် ဆိုလာစွမ်းအင်နှင့် လည်းကောင်း၊ ညအချိန်တွင်မူ ရေအားလျှပ်စစ်ဖြင့်လည်းကောင်း လျှပ်စစ်မီး ထုတ်လုပ်လျက်ရှိကာ တစ်ဆက်တည်း လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှု ကာလကိုလည်း ရှည်ကြာစေပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် မတည်ငြိမ်မှုများကို လျှော့ချပေးနိုင်ကြောင်း သိရသည်။ (Xinhua)