Connect with us

Videos

အမေရိကန် က စစ်အသုံးစရိတ်အတွက် ငွေကြေးထောက်ပံ့မှုမှာ ပြီးခဲ့သည့်ဆယ်စုနှစ်ထက် ၂၄ ရာခိုင်နှုန်းမြင့်တက်

စတော့ဟုမ်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ စစ်ရေး သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက်ငွေကြေးထောက်ပံ့မှုမှာ ကမ္ဘာ့ စစ်အသုံးစရိတ် အကြီးဆုံးနိုင်ငံအဖြစ် ပြီးခဲ့သည့် ဆယ်စုနှစ်ကထက် ၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု (SIPRI) က ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံ၏ စစ်ရေး သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု ကုန်ကျစရိတ်မှာ ၂၀၁၂ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်အကြား ၂၄ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး အလားတူကာလ၌ လက်နက်ဝယ်ယူမှုကုန်ကျစရိတ်မှာ ၆.၄ ရာခိုင်နှုန်းအထိလျော့ကျသွားကြောင်း SIPRI က အစီရင်ခံစာတွင်ဖော်ပြထားသည်။

“၂၀၁၂-၂၀၂၁ ခုနှစ် ဆယ်စုနှစ်တာကာလအတွင်း သုတေသန နှင့်ဖွံ့ဖြိုးတိုးတက်မှု အသုံးစရိတ်တိုးမြှင့် လာခြင်းသည် အမေရိကန်နိုင်ငံ၏ မျိုးဆက်သစ်နည်းပညာများအား ပိုမိုအသားပေးလာခြင်းကို ရည်ညွှန်းရာရောက်နေကြောင်း” SIPRI ၏ စစ်ရေးအသုံးစရိတ်နှင့် လက်နက်ထုတ်လုပ်ရေးအစီအစဉ် သုတေသီတစ်ဦးဖြစ်သူ Alexandra Marksteiner က ဆိုသည်။

အမေရိကန်အစိုးရက ဗျုဟာမြောက် ယှဉ်ပြိုင်ဘက်များအပေါ် အသာစီးရနိုင်ရန် စစ်ရေးနောက်ဆုံးပေါ် နည်းပညာများအား ထိန်းသိမ်းထားဖို့လိုအပ်ကြောင်း ထပ်တလဲလဲအလေးအနက်ထားပြောကြားခဲ့သည်ဟု Marksteiner က ထပ်လောင်းပြောကြားခဲ့သည်။

အစီရင်ခံစာအရ၂၀၂၁ခုနှစ်အထိ ကမ္ဘာပေါ်တွင် စစ်ရေးအသုံးစရိတ်သည် ၇ နှစ်ဆက်တိုက်တိုးမြှင့်သုံးစွဲလာခဲ့ကြရာ ကာလအားလုံး၏ အမြင့်ဆုံးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၂.၁ ထရီလီယံ ရှိခဲ့ကြောင်း ၊ ထိုအထဲမှ ၃၈ ရာခိုင်နှုန်းသည် အမေရိကန်နိုင်ငံ၏ စစ်ရေးအသုံးစရိတ်ဖြစ်နေသောကြောင့် ကမ္ဘာ့စစ်ရေးအသုံးစရိတ်အများဆုံးနိုင်ငံဖြစ်ခဲ့သည်။

အမေရိကန်နိုင်ငံက သုတေသနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ပြီး ကြီးမားစွာ ရင်းနှီးမြှုပ်နှံမှုပြုသွားမှာဖြစ်ရာ (လက်နက်ဝယ်ယူရေးရန်ပုံငွေဖြတ်တောက်မှုနှင့်ပေါင်းစပ်ကာ) လက်ရှိတွင် ကွန်ပျူတာ နည်းပညာစနစ်များ အတွက် ပမာဏကျယ်ပြန့်စွာအသုံးချပြီး နည်းပညာသစ်များကို ထုတ်လုပ်မှုအပေါ် ဦးစားပေးလုပ်ဆောင် သွားနိုင်ရန် ရည်ညွှန်းဖွယ်ရှိသည်။

စစ်ရေးအသုံးစရိတ် စာရင်းထဲတွင် နျူကလီးယားနှင့်ဆက်စပ်သည့် သုံးစွဲမှုပါဝင်ပြီး ၂၀၂၁ ခုနှစ်တွင် ပမာဏအများဆုံးဖြစ်ရာ အမေရိကန် က ၎င်းတို့ရဲ့ နျူကလီးယား လက်နက်ကိရိယာများကို ခေတ်မီဆန်းသစ်စေရန်နှင့် ပိုမိုအင်အားကြီးမားအောင်လုပ်ဆောင်မည့်အစီအစဉ်ကို ရည်ညွှန်းရာ ရောက်နေကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ (Xinhua)

……………………..
(English Version)
GLOBALink | U.S. funding for military R&D surges 24 pct for past decade: report
STOCKHOLM, April 26 (Xinhua) — The funding for military research and development (R&D) of the United States, the world’s largest military spender, rose by 24 percent over the past decade, the Stockholm International Peace Research Institute (SIPRI) said on Monday.
The U.S. funding for military R&D rose by 24 percent between 2012 and 2021, while arms procurement funding fell by 6.4 percent over the same period, the SIPRI said in a report.
“The increase in R&D spending over the decade 2012-2021 suggests that the United States is focusing more on next-generation technologies,” said Alexandra Marksteiner, a researcher with SIPRI’s military expenditure and arms production program.
The U.S. government has repeatedly stressed the need to preserve the military’s technological edge over strategic competitors, Marksteiner added.
According to the report, world military spending continued to grow for the seventh consecutive year in 2021, reaching an all-time high of 2.1 trillion U.S. dollars, of which the United States accounted for 38 percent, the world’s largest.
The country’s “continued heavy investment in R&D (combined with the cut in procurement funding) seems to indicate that it is currently prioritizing the development of new technologies over large-scale spending on legacy systems,” the report said.
Nuclear-related spending was among the military budget items that saw the largest increase in 2021, reflecting the United States’ planned overhaul and modernization of its nuclear arsenal, it added.

Produced by Xinhua Global Service

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.