Connect with us

Videos

ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ယူကရိန်း ပဋိပက္ခ အဆုံးသတ်စေလိမ့်မည်မဟုတ်ကြောင်း ကျွမ်းကျင်သူဆို

ဘူဒါပတ်စ်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံမှ ကျောက်မီးသွေးတင်ပို့မှု ပိတ်ဆို့ခြင်းအပါအဝင် ဥရောပသမဂ္ဂက ရုရှားနိုင်ငံသို့ ဒဏ်ခတ်ပိတ်ဆို့မှု စုစုပေါင်း ၅ ကြိမ်လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။

သို့ရာတွင် ဟန်ဂေရီလူမျိုး နိုင်ငံရေးသိပ္ပံပညာရှင် Csaba Moldicz က ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် လက်ရှိ ယူကရိန်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို အဆုံးသတ်စေနိုင်ဖွယ်မရှိကြောင်းဆိုသည်။

ဘူဒါပတ်စ် ရှိ Eurasian Center of the John Neumann တက္ကသိုလ်မှ သုတေသန ညွှန်ကြားရေးမှူးဖြစ်သူ CSABA MOLDICZ က“ဒဏ်ခတ်ပိတ်ဆို့မှုချည်းလုပ်ရုံနဲ့တော့ အထောက်အပံ့မဖြစ်စေဘူးဆိုတာသိသာပါတယ်၊ အဲဒီမှာညှိနှိုင်းဆွေးနွေးမှုတွေလုပ်ကိုလုပ်ရမှာပါ၊ ဘာလို့လည်းဆိုတော့ ရုရှားနဲ့ သံတမန်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး အလုံးစုံနီးပါး ဖြတ်တောက်ပစ်လိုက်တာက ကောင်းတဲ့ဖြေရှင်းနည်းတစ်ခု မဟုတ်လို့ပါပဲ။
“ကမ္ဘာရဲ့တစ်ခြမ်းထဲကရုရှားနိုင်ငံရဲ့ စီးပွားရေးကိုစည်းကြပ်နေတာဖြစ်ပြီးတော့ ကမ္ဘာ့နောက်တစ်ခြမ်းက အဲဒီထဲမှာပါဝင်ခြင်းမရှိပါဘူး၊ နောက်ပြီး ရုရှားက ဒီအခွင့်အရေးကိုသုံးပြီး အခြားနေရာတွေကို စွမ်းအင်တွေ ရောင်းချနိုင်တယ်ဆိုတာထင်ရှားစွာသိနိုင်ပါတယ်” ဟုဆိုသည်။

ရုရှားနိုင်ငံသို့ အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ပြီးနောက်တွင် မော်စကို ဘက်မှ ၎င်းတို့၏ သွင်းကုန်များအတွက် ဈေးကွက်သစ်များ နှင့် စီးပွားရေးတည်ငြိမ်မှုရှိစေမည့်နည်းလမ်းများ ကိုစတင်ရှာဖွေနေခဲ့သည်။

အိန္ဒိယ နိုင်ငံသည် ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက ရုရှားနိုင်ငံမှ ရေနံစိမ်း အနည်းဆုံး စည်ပေါင်း ၁၃ သန်း ကို ဝယ်ယူခဲ့ပြီး ၎င်းမှာ ၂၀၂၁ ခုနှစ် တစ်နှစ်လုံး စာ တင်သွင်းသည့် ရေနံစိမ်းစည်ပေါင်း ၁၆ သန်းနီးပါးအထိ ရှိလာခဲ့သည်။ မတ်လ အစောပိုင်းတွင် ရုရှားနိုင်ငံ၏ ငွေကြေးဖြစ်သည့် ရူဘယ်လ် ငွေကြေးတန်ဖိုးမှာ အနိမ့်ဆုံးသို့ရောက်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပဋိပက္ခမဖြစ်ပွားခင်အခြေအနေ နီးပါးသို့ပြန်လည်နလံထူလာခဲ့ကြောင်းသိရသည်။

“ ယူကရိန်းနဲ့ ရုရှားနိုင်ငံနှစ်နိုင်ငံစလုံးက အခြေခံအားဖြင့် ကမ္ဘာပေါ်မှာ ကောက်ပဲသီးနှံကိုအဓိက တင်သွင်းတဲ့ နိုင်ငံတွေဖြစ်ကြပါတယ်။ တကယ်လို့ ကောက်ပဲသီးနှံပဲဖြစ်ဖြစ် ကုန်စည် နမူနာ တွေပဲဖြစ်ဖြစ် အဲဒီဒေသတွေကနေမထွက်လာတော့ဘူး၊ ဒါမှမဟုတ်လည်း ထွက်မလာနိုင်တော့ဘူးဆိုရင် တော့ သေချာပေါက် ဈေးနှုန်းအပေါ် ဆိုးကျိုးသက်ရောက်မှုတွေရှိလာပါလိမ့်မယ်၊ တကယ်လို့ ဈေးတွေက တက်သွားလို့ရှိရင် အမြဲလိုလိုပါပဲ။ ဝယ်စရာမရှိနေတော့ဘူးဆိုရင် ဆင်းရဲသားလူတန်းစားပဲ အဲဒီဒုက္ခကိုခံစားရမှာပါ”

Moldicz ၏ သုံးသပ်မှုမှာ ကျိုးကြောင်းစီလျော်မှုရှိသည်။ ၂၀၂၂ ခုနှစ် မတ်လတွင် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ၏ စားနပ်ရိက္ခာ အညွှန်းကိန်းမှာ ၁၉၉၀ ပြည့်နှစ်ပြီးနောက်ပိုင်းအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။ ဧပြီ ၁၄ ရက်တွင် ကုလသမဂ္ဂ က အာဖရိကတိုက် ၆ နိုင်ငံရှိအငတ်ဘေးသင့်ဒေသ များနှင့် ယီမင်နိုင်ငံအပေါ် ယူကရိန်းပဋိပက္ခ သက်ရောက်မှုများလျေားပါးစေရန်တို့ အတွက် အမေရိကန်ဒေါ်လာ သန်း၁၀၀ ချထားပေးခဲ့သည်။
ဆင်ဟွာသတင်းထောက်များက ဘူဒါပတ်စ်မှသတင်းပေးပို့နေခြင်းဖြစ်သည်။ (Xinhua)
#Ukrainecrisis #Sanctions #EuropeanUnion #Russiancoal #CsabaMoldicz #EurasianCenter #xinhua #xinhuamyanmar #ယူကရိန်း #အကျပ်အတည်း #ဒဏ်ခတ်ပိတ်ဆို့မှုများ #ဆင်ဟွာ #ဆင်ဟွာမြန်မာ
……………………….
(English Version)
GLOBALink | Sanctions not solution to end Ukraine crisis, says Hungarian expert
BUDAPEST, April 24 (Xinhua) — The European Union (EU) has already announced five rounds of sanctions against Russia, including an import ban on Russian coal.
But according to Hungarian political scientist Csaba Moldicz, the sanctions will most likely not reach the desired effect of ending the current conflict in Ukraine.
SOUNDBITE 1 (English): CSABA MOLDICZ, Research director at the Eurasian Center of the John Neumann University in Budapest
“Obviously sanctions alone do not help, negotiations must be also there, because entirely cutting the ties to Russia diplomatically, economically, commercially is not a good solution.”
“Only one part of the world has levied sanctions on the Russian economy, and there is another part which is not involved in that. And obviously, Russia can use this opportunity to sell energy to other places.”
Following the west’s imposition of sanctions on Russia, Moscow has started to explore new markets for its exports and ways to ensure its economic stability. India has reportedly bought at least 13 million barrels of crude oil from Russia since Feb. 24, compared with nearly 16 million barrels in the entire year of 2021. In early March, the value of the ruble, the Russian Federation’s currency, reached a low point, but since then it has staged a dramatic recovery to near pre-conflict levels.
“Both Ukraine and Russia are basically main grain exporters of the world. And if the grain or goods simply do not come or cannot come from this region, that will definitely impact the prices. And if prices go up, it’s always, the have-nots and the poor who suffer from this situation.”

The concerns raised by Moldicz appear to be justified. In March 2022, the Food Price Index of the United Nations’ (UN) Food and Agriculture Organization (FAO) hit its highest level since 1990. On April 14, the UN released 100 million U.S. dollars for hunger hot spots in six African countries and in Yemen to mitigate the spillover effects of the Ukraine conflict.
Xinhua News Agency correspondents reporting from Budapest.
(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.