Connect with us

Videos

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ဟောလိုးဝင်းပွဲတော် လူအုပ်ပိမှုကြောင့် လူပေါင်း ၁၅၁ ဦး သေဆုံးပြီး ၈၂ ဦး ဒဏ်ရာရ

ဆိုးလ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အီထယ်ဝန်ခရိုင်၌ အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် ဟောလိုးဝင်းပွဲတော် လူစုဝေးမှုအတွင်း လူအုပ်ပိမှုဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံသား လေးဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံရှိ တရုတ်နိုင်ငံသံရုံးက အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ယင်းဖြစ်ရပ်ကြောင့် အောက်တိုဘာ ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီအထိ လူပေါင်း ၁၅၁ ဦး သေဆုံးပြီး ၈၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကိုရီးယား မီးသတ်ဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယိုသည် အခင်းဖြစ်ပွားသောနေရာသို့ အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

“ဒါဟာ တကယ့်ကို ကြောက်မက်ဖွယ်ရာပါပဲ” ဟု ၎င်းက ရုပ်မြင်သံကြားမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ပြီး ထိုဖြစ်ရပ်အတွက် နိုင်ငံလုံးဆိုင်ရာ ကြေကွဲဝမ်းနည်းဖွယ်အဖြစ် အောက်တိုဘာ ၃၀ ရက်က ကြေညာခဲ့သည်။

အဆိုပါ မတော်တဆမှုသည် အောက်တိုဘာ ၂၉ ရက် ညပိုင်းက အီထယ်ဝန်ခရိုင်ရှိ နာမည်ကျော် ညကလပ်တည်ရှိရာ ဟိုတယ်နံဘေး လမ်းကျဉ်းတစ်ခုအနီး ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အရှေ့ဘက်တွင် ရောက်ရှိနေသော ပါတီပွဲတက်ရောက်သူများ လဲကျရာမှ အနောက်ဘက်ရှိနေသူများအား လူအုပ်ပိမိသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြောက်မြားလှသော ဟောလိုးဝင်း လူအစုအဝေးကြီးသည် အီထယ်ဝန်ခရိုင်တွင် ရောက်ရှိပါဝင်နေကြခြင်းဖြစ်ပြီး ဟောလိုးဝင်းပါတီများ၌ လူပေါင်း ၁၀၀,၀၀၀ ခန့် ပါဝင်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။

အောက်တိုဘာ ၂၉ ရက် နှောင်းပိုင်းတွင် ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ လူအုပ်ပိမှုအတွင်း လူ ၅၀ ခန့်မှာ နှလုံးရပ်သွားခဲ့ဖွယ်ရှိကြောင်း၊ အခင်းဖြစ်ပွားနေရာ၌ ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရန် ရှေးဦးသူနာပြုစုရေး မော်တော်ယာဉ် ၁၄၀ စီးကို စေလွှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

#S.Korea #Seoul #Halloween #Stampede #Xinhua #Myanmar #XinhuaMyanmar #တောင်ကိုရီးယား #ဆိုးလ် #ဟောလိုးဝင်း #လူအုပ်ပိမှု #ဆင်ဟွာ
………………………………………………

151 killed, 82 injured in Halloween stampede in S.Korea’s Seoul

STANDUP (English): ZHOU SIYU, Xinhua correspondent

“Four Chinese nationals have been confirmed killed and two others have suffered minor injuries in a stampede that occurred Saturday night at Itaewon, a district in Seoul, during Halloween gatherings, the Chinese embassy in South Korea said Sunday.

As of 9 a.m. local time (0000 GMT) Sunday, the accident has left 151 dead and 82 injured, according to the South Korean firefighting authorities.”

South Korean President Yoon Suk-yeol visited the accident site in Seoul on Sunday morning.
“This is truly tragic,” he said in a televised national address, declaring national mourning for the tragedy on Sunday.

The accident was believed to have happened near a narrow alley next to a hotel in the famous nightclub Itaewon district Saturday night. It was said the partygoers at the front fell, and the people at the back were crushed.
Several large Halloween gatherings took place at Itaewon and the police estimated roughly 100,000 people had participated in the Halloween parties.
Local media reported late Saturday about 50 people were suspected to have gone into cardiac arrest in the stampede. More than 140 first-aid vehicles had been sent to the scene to rescue the injured.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.