Connect with us

Videos

ဥရောပအခြေစိုက် စီးပွားရေးလုပ်ငန်းက တရုတ်နိုင်ငံကို ဦးစားပေးဈေးကွက်အဖြစ် ရှုမြင်

ကွမ်ကျိုး ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါ နှင့် နှေးကွေးလေးကန်သော ကမ္ဘာ့စီးပွားရေးဖြစ်ပေါ်နေသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအများအပြားက တရုတ်နိုင်ငံကို ၎င်းတို့၏ ဦးစားပေးဈေးကွက်အဖြစ် အလေးထားနေဆဲ ဖြစ်ကြောင်း သိရသည်။နိုင်ငံခြားစီးပွားရေးလုပ်ငန်းများစွာသည် တရုတ်နိုင်ငံ၏ တံခါးဖွင့်မူဝါဒ နှင့် ထင်ရှားသောစီးပွားရေးပတ်ဝန်းကျင်မှ အကျိုးအမြတ်ရရှိခဲ့သည်။ ဥရောပအခြေစိုက် Louis Dreyfus ကုမ္ပဏီကလည်း အဆိုပါ စီးပွားရေးလုပ်ငန်းများအနက် တစ်ခု အပါအဝင်ဖြစ်သည်။

“လွန်ခဲ့တဲ့ ရာစုနှစ်ဝက်တုန်းက တရုတ်နိုင်ငံမှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းက ဆက်လက်ကြီးထွားလာခဲ့ပြီးတော့ တရုတ်နိုင်ငံမှာပဲ ဆက်လက်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ဒါကြောင့် ကျွန်တော်တို့ဟာ တရုတ်နိုင်ငံမှာ အောင်မြင်မှုအများအပြား ရရှိခဲ့တာပေါ့။ ကျွန်တော်တို့ဟာ တရုတ်နိုင်ငံမှာ အစေ့အဆန်ကုန်ကြမ်း၊ ကော်ဖီ ၊ သကြား ၊ ချည်ထည် အပြင် ဖျော်ရည်တွေ အဓိကပေးသွင်းသူ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံက ပြောင်းလဲသွားခဲ့ပါတယ်။ အခုအခါမှာတော့ တရုတ်နိုင်ငံဟာ ထူးချွန်ထက်မြက်တဲ့ လူ့စွမ်းအားအရင်းအမြစ်များ ပြည့်ဝတဲ့အပြင် ယုံကြည်မှု ၊ ဆန်းသစ်တီထွင်မှု နဲ့ စွန့်ဦးတီထွင်မှု သွင်ပြင်အခြေအနေတွေနဲ့ ပြည့်လျှံနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီလူ့စွမ်းအားအရင်းအမြစ်တွေနဲ့ အရင်းအနှီးဈေးကွက်တွေကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ အဆင့်မြင့် သိပ္ပံနည်းပညာလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားသွားချင်တယ်” ဟု Louis Dreyfus ကုမ္ပဏီမှ မြောက်အာရှအကြီးအကဲ JERRITY CHEN က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ တရုတ်ရဲ့စီးပွားရေး ရှုထောင့်ကို ယုံကြည်မှုရှိနေတုန်းပါပဲ။ အဲဒါနဲ့ ပတ်သက်ပြီး ယုံကြည်မှုအပြည့်ရှိပြီး ကျွန်တော်တို့ရဲ့ လုပ်ငန်း ဆက်လက်တိုးတက်နေသလို တရုတ်နိုင်ငံမှာလည်း ဆက်လက်ရင်းနှီးမြှုပ်နှံသွားမှာပါ။ တရုတ်ဈေးကွက်က Louis Dreyfus ကုမ္ပဏီအတွက် ဦးစားပေးဈေးကွက်တစ်ခုအဖြစ် ရှိနေဆဲပါပဲ”ဟု JERRITY CHEN က ပြောကြားခဲ့သည်။

Louis Dreyfus ကုမ္ပဏီအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းအများအပြားအနေဖြင့် တရုတ်နိုင်ငံမှ ထွက်ခွာရန် အကြောင်းမရှိဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

———————————

Europe-based firm sees China as priority market
Despite the sluggish global economy and COVID-19 pandemic, a large number of foreign-funded enterprises still regard China as their priority market.
Lots of foreign enterprises have benefited from China’s opening-up policy and outstanding business environment. The Europe-based Louis Dreyfus Company (LDC) is one of them.
SOUNDBITE 1 (English): JERRITY CHEN, Head of North Asia at Louis Dreyfus Company
“In the past half century, we keep growing our business in China and also keep investing in China, so we have a lot of achievements in China. We have already become the major suppliers of feed grain, coffee, sugar, cotton as well as juice in China. In the past few decades, China has changed. Now, China has ample talents, as well as credit, innovation, and entrepreneurship atmosphere in China, so we want to use those talents as well as capital market, trying to develop our high-end technology business.”
“We still have faith in the perspective of Chinese economy. We’re super confident about that and we are going to continue to grow our business and keep investing in China. The Chinese market still remains a priority market for LDC.
According to Chen, many foreign-funded businesses, including LDC, believe that there is no reason to leave China.
Xinhua News Agency correspondents reporting from Guangzhou, China.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.