Connect with us

Videos

ဆီးရီးယားနိုင်ငံရှိ တရုတ်အသိုင်းအဝိုင်းက ငလျင်ကယ်ဆယ်ရေးအကူအညီများ လှူဒါန်း

ဒမတ်စကတ်စ် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ၌ ငလျင်ကြီးနှစ်ကြိမ် လှုပ်ခတ်ပြီးနောက် ဆီးရီးယားနိုင်ငံအတွင်းရှိ တရုတ်အသိုင်းအဝိုင်းက ဖေဖော်ဝါရီ ၁၂ ရက်တွင် ဆီးရီးယားပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်စ်မြို့၌ ကျင်းပသည့် အခမ်းအနားတွင် ဆီးရီးယား အာရပ် လခြမ်းနီ(SARC)အသင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအား လက်ခံရယူခဲ့ကြောင်း သိရသည်။ယင်းအကူအညီများတွင် ကလေးနို့မှုန့်များ ၊ အနွေးထည်များ နှင့် ဆေးဝါးပစ္စည်းများ ပါဝင်ခဲ့ကြောင်း သိရသည်။
ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် SHI HONGWEI က “ဒီအကူအညီတွေက တရုတ်ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှု နဲ့ ဆီးရီးယားပြည်သူတွေနဲ့အတူတကွရပ်တည်နေတယ်ဆိုတာကို ဖော်ပြနေပါတယ်။ဒါက အစပဲ ရှိပါသေးတယ် ။ အကူအညီတွေ ထပ်ပြီး ရောက်လာဦးမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက်တွင် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက ဆီးရီးယားနိုင်ငံသို့ အရေးပေါ် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ ပထမအသုတ်အား လေယာဉ်ဖြင့် ပေးပို့ခဲ့ကြောင်း သိရသည်။
ဆီးရီးယား နှင့် တူရကီနိုင်ငံတို့ အင်းအားပြင်းထန်သော မြေငလျင် နှစ်ကြိမ် လှုပ်ခတ်ပြီးနောက် ယခုအထိ လူပေါင်း ၃၃,၀၀၀ ဦးကျော် သေဆုံးကြောင်း သိရသည်။ (Xinhua)
—————————

Chinese community in Syria donates quake-relief aid to Syria
The Chinese community in Syria on Sunday donated relief supplies to the Syrian people after the country was rocked by twin massive earthquakes.
The Syrian Arab Red Crescent (SARC) received humanitarian aid during a ceremony in Syria’s capital Damascus.
The aid included infant formulas, winter clothes, and medical supplies.
SOUNDBITE (Arabic): SHI HONGWEI, Chinese Ambassador to Syria
“The aid is an expression of the Chinese people’s solidarity and standing with the Syrian people. It’s just the beginning, as more aid will arrive soon.”
On Thursday, the Red Cross Society of China sent the first batch of emergency medical supplies to Syria by plane.
More than 33,000 people have been killed so far after two strong earthquakes hit Syria and Türkiye.
Xinhua News Agency correspondents reporting from Damascus.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.