Connect with us

Videos

သွက်လက်နေသော မျောက်မောင်းမမျိုးစိတ်လေး

တက်ဟုန်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

မကြာသေးမီက စိတ်ထားကောင်းမွန်ပြီး တက်ကြွလှုပ်ရှားသူ ဒေသခံတစ်ဦးက လမ်းဘေးတွင် မျောက်ကလေးတစ်ကောင်ကို မတော်တဆတွေ့မိပြီး မျောက်ကလေးဒဏ်ရာရမည်စိုးသဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းဒေသရှိ နယ်စပ်ရဲစခန်းတစ်ခုထံ ပို့ဆောင်ပြီးအကူအညီတောင်းခဲ့သည်။ စစ်ဆေးကြည့်တဲ့အခါ ဒီသတ္တဝါလေးသည် မျောက်မောင်းမမျိုးစိတ်ဝင် Red slender loris ဖြစ်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံတော်အဆင့်ကာကွယ်စောင့်ရှောက်ထားသော တောရိုင်းတိရစ္ဆာန်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါ မျောက်အမျိုးအစားအများစုက ယေဘုယျအားဖြင့် လှုပ်ရှားမှုနှေးကွေးတတ်သော်လည်း ယခုကဲ့သို့ သွက်လက်စွာ လှုပ်ရှားတတ်သော မျောက်လေးကို တွေ့ရခဲခြင်းကြောင့် အံအားသင့်ဖွယ်ကောင်းပါသည်။ ထိုမျောက်မောင်းမလေးကို သဘာဝတောထဲ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
#China #Dehong #RedSlenderLoris #တရုတ် #တက်ဟုန်း #မျောက်မောင်းမ
……………………………………..
(Chinese Version)

如此敏捷的蜂猴你见过吗?
近日,一名热心居民路上偶遇一只小猴,怕它受伤,就送到中国云南省德宏地区一个边境派出所求助。经鉴定,这个动物名为蜂猴,是中国国家一级保护野生动物。据了解,多数蜂猴一般行动缓慢,动作这么敏捷的蜂猴实属少见,让人大开眼界。这只蜂猴已被放归大自然。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.