Connect with us

Videos

ရုရှားနိုင်ငံနှင့် အကျဉ်းသားလဲလှယ်မှုအရ ယူကရိန်းနိုင်ငံသား ဦးရေ ၁၀၀ နေရပ်ပြန်လည်ရောက်ရှိ

ကိဗ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံနှင့် အကျဉ်းသား လဲလှယ်မှုအသစ်အရ ယူကရိန်းနိုင်ငံသားအမှုထမ်း ၁၀၀ ဦး နေရပ်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း စစ်သုံ့ပန်းများ လဲလှယ်ရေးဆိုင်ရာ ညှိနှိုင်းရေးဌာနချုပ်က ပြောကြားခဲ့သည်။လွတ်မြောက်လာသူများထဲတွင် Mariupol မြို့နှင့် Azovstal သံမဏိစက်ရုံအတွက် တိုက်ပွဲဝင်ခဲ့သည့် တပ်ဖွဲ့ဝင် ၈၀ ကျော် ပါဝင်ကြောင်း သိရသည်။ထို့ပြင် Donetsk နှင့် Luhansk လမ်းကြောင်းရှိ တိုက်ပွဲများတွင် ပါဝင်ခဲ့သည့် စစ်သားများကို လဲလှယ်မှုအောက်တွင် လွတ်ပေးခဲ့ကြောင်း သိရသည်။
လွတ်မြောက်လာသူများအနက် ၂၈ ဦးထက်မနည်းမှာ အပြင်းအထန် ဖျားနာ ၊ ထိခိုက်ဒဏ်ရာများ ခံစားနေရကြောင်း သိရသည်။ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ၂၀၂၂ ခုနှစ် မတ်လမှစတင်ကာ အကျဉ်းသားလဲလှယ်မှု ၅၁ ခု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)
————————————
100 Ukrainians return home under prisoner swap with Russia
A total of 100 Ukrainian service people returned home under a fresh prisoner swap with Russia, the Coordinating Headquarters for the Treatment of Prisoners of War said Thursday.
Among those freed were more than 80 troops who fought for the city of Mariupol and the Azovstal steel plant.
Besides, the soldiers who participated in the combat in the Donetsk and the Luhansk directions were released under the swap.
At least 28 of those freed suffer from serious illnesses or have severe injuries.
Ukraine and Russia have carried out 51 prisoner exchanges since March 2022.
Xinhua News Agency correspondents reporting from Kiev.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.