Videos
မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေတွင် အပူလှိုင်းကို အံတုကာ ရေလှိုင်းစီးနေကြသူများ
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့တွင်ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် အပူချိန်များ မြင့်တက်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ပြီးခဲ့သည့် ရက်ပိုင်းကပြောကြားခဲ့သည်။ မုတ်သုံရာသီမစတင်မီအပူချိန်များ တိုးမြင့်လာသောကြောင့် ဧပြီလနှင့် မေလသည် မြန်မာနိုင်ငံအတွက် အပူဆုံးလများဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)