Videos
မြန်မာနိုင်ငံရှိ တရုတ် ဘာသာစကား ကျွမ်းကျင်မှုပြိုင်ပွဲ ကူးလူးဆက်ဆံမှုစွမ်းရည် မြှင့်တင်ပေး
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတစ်ဝန်းရှိ တရုတ်ကျောင်းများမှ ကျောင်းသူကျောင်းသားများသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ ယနေ့ (ဇွန် ၈ ရက်) ကျင်းပသော တရုတ် ဘာသာစကား ကျွမ်းကျင်မှုပြိုင်ပွဲတွင် စိတ်အားထက်သန်စွာ ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲကို ကောလိပ် အဆင့် (အသက် ၁၈-၂၅) နှစ် ၊ မူလတန်း အဆင့် (အသက် ၆-၁၂) နှစ်နှင့် အလယ်အဆင့် (အသက် ၁၃-၁၈) နှစ် စသဖြင့်အဆင့်များခွဲကာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ကျောင်းသား/သူ တို့မှ ၎င်းတို့၏ တရုတ် ဘာသာစကား ကျွမ်းကျင်မှု စွမ်းရည်နှင့် တရုတ် ရိုးရာ
အနုပညာ စွမ်းရည် တို့ကို ထုတ်ဖော်ပြသခဲ့ပြီး ယှဉ်ပြိုင်ခဲ့ကြသည်။ အဆင့်တစ်ခုစီမှ ပထမဆု ရရှိသူများအနေဖြင့် တရုတ် နိုင်ငံ သို့သွားရောက်ကာ ဆက်လက်၍ ပြိုင်ပွဲဝင်
ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)