Connect with us

Videos

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ကုသိုလ်ကောင်းမှု ပြုလုပ်သူများပြား

ရန်ကုန်၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ကုသိုလ်ဒါန သီလပွားများခြင်းစသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ်ဆောင်ရွက်ကြကြောင်း သိရသည်။
ဇူလိုင် ၂၀ ရက် ညပိုင်းတွင် ရန်ကုန်မြို့ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ရှင်စေတီတော်သို့ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြသည်ကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ (Xinhua)