Videos
မြန်မာနိုင်ငံ၌ ဆောင်းဦးလယ်လမုန့်ပွဲတော် အထိမ်းအမှတ် ကဗျာစာဆိုပွဲ ကျင်းပ
ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
မကြာမီ ရောက်ရှိလာမည့် ဆောင်းဦးလယ်လမုန့်ပွဲတော် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ စက်တင်ဘာ ၁၄ ရက်က ကဗျာစာဆိုပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါအခမ်းအနားတွင် ဆောင်းဦးလယ်ကဗျာစာဆိုခြင်း၊ ပီကင်းအော်ပရာ၊ တေးသီချင်းနှင့် ကပြ ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ပြီး လမုန့်ပြုလုပ်ခြင်း ၊ လက်ဖက်ရည်ကြမ်းယဉ်ကျေးမှု ပြသခြင်းနှင့် လက်ရေးလှ ရေးသားဖော်ပြခြင်းကဲ့သို့သော ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှုများအား ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းတစ်ချို့မှ ဒေသခံဝန်ထမ်းများနှင့် တက္ကသိုလ် ကျောင်းသား/သူများအပါအဝင် လူပေါင်း ၁၅၀ နီးပါး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လနှင့် ပတ်သက်သည့် ဒဏ္ဍာရီပုံပြင်များ ၊ ရိုးရာပွဲတော်များ ရှိပြီး တရုတ်နိုင်ငံနှင့် တူညီသော သို့မဟုတ် နီးစပ်သော ရိုးရာဓလေ့များ ရှိကြောင်း ၊ ယင်းတို့က တရုတ်-မြန်မာ နှစ်နိုင်ငံ စာပေယဉ်ကျေးမှု နီးစပ်မှုနှင့် ပြည်သူအချင်းချင်း ခင်မင်ရင်းနှီးသမှုကို ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူး Li Qianguo က အခမ်းအနားတွင် ပြောကြားခဲ့သည်။ တက်ရောက်လာကြသူများ ကလည်း ကဗျာစာဆိုပွဲမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှုအား မြှင့်တင်ခဲ့ကြကြောင်း သိရသည်။ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းက မြန်မာနှင့် တရုတ် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများတွင် လပြည့်နေ့ကို ညီညွှတ်ခြင်း၊ ပြန်လည်ဆုံစည်းခြင်းနှင့် သာယာလှပခြင်းတို့အား ကိုယ်စားပြု ရည်ညွှန်းပြောဆိုကြကြောင်း ၊ အခမ်းအနား၌ ကဗျာရွတ်ဆိုခြင်း၊ လက်ရေးလှလေ့လာခြင်း၊ လမုန့် ပြုလုပ်ခြင်းနှင့် မြည်းစမ်းသုံးဆောင်ခြင်းက တရုတ်စာလေ့လာနေကြသည့် မြန်မာကျောင်းသား/သူများအား တရုတ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအကြောင်းကို ပိုမိုလေ့လာနိုင်ရုံသာမက မြန်မာနှင့် တရုတ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရင်း အပြန်အလှန် ပိုမိုမြှင့်တင်လာနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
#China #Myanmar #Poetry #Mid_Autumn #Festival #Friendship #တရုတ်နိုင်ငံ #မြန်မာနိုင်ငံ #ဆောင်းဦးလယ် #ပွဲတော် #ချစ်ကြည်ရင်းနှီးမှု