Connect with us

Videos

ယွီကျစ်သီက အမျိုးသားအားကစားပြိုင်ပွဲ၏ အမျိုးသမီး မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲတွင် အာရှစံချိန်သစ်တင်

ဆန်းကျန့်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ်မှ အသက် ၁၃ နှစ်အရွယ်သာရှိသေးသည့် ယွီကျစ်သီက နိုဝင် ဘာ ၁၁ ရက်က ကျင်းပခဲ့သည့် တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်း မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲ၌ ၂ မိနစ် ၇.၄၁ စက္ကန့်ဖြင့် အာရှစံချိန်သစ်တင်ကာ အနိုင်ရဗိုလ် စွဲခဲ့သည်။လွီကျစ်သီသည် လွန်ခဲ့သည့်မေလအတွင်းက ကျင်းပခဲ့သည့် အမျိုးသားရေကူးချန်ပီယံရှစ်ပြိုင်ပွဲတွင် ၂ မိနစ်၊ ၁၀.၆၃ စက္ကန့်ကူးကာ အသက် ၁၂ နှစ်အရွယ် ရေကူးကစားသမားတစ်ဦးအနေဖြင့် အမြန်ဆုံး စံချိန်ဖြင့် ဒုတိယနေရာရခဲ့ပြီးနောက် ဆန်းကျန့်၌ကျင်းပသည့်ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ယှဥ်ပြိုင် ခွင့် တစ်နေရာရခဲ့သည်။ဇူလိုင်လအတွင်းက စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၏ဗိုလ်လုပွဲတွင် ယွီကျစ်သီက ၂ မိနစ်၊ ၀၉.၂၁ စက္ကန့်ဖြင့် သူမ၏ အကောင်းဆုံးစံချိန်ကို ထပ်မံမြှင့်တင်နိုင်ခဲ့သည်။
ယခင်က အာရှ၏အမြန်ဆုံးစံချိန်ရှင်မှာ ၂၀၁၂ ခုနှစ်လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် တရုတ်ရေကူးမယ် ယဲ့ရှီးဝန် က ၂ မိနစ်၊ ၀၇.၅၇ စက္ကန့်ဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)
………………………………..
(English Version)
Yu Zidi, 13, breaks Asian record in women’s 200m medley at National Games
SHENZHEN, China, Nov. 11 (Xinhua)
13-year-old Yu Zidi of north China’s Hebei Province won the women’s 200m individual medley at the country’s 15th National Games on Tuesday, clocking a new Asian record time of two minutes 7.41 seconds.
In May, Yu secured a berth for the World Championships at Shenzhen after finishing second in the event at the National Swimming Championships in 2:10.63, the fastest time ever by a 12-year-old in the discipline.
At the World Championships in Singapore in July, Yu further improved her personal best to 2:09.21 in the final.
The previous Asian record of 2:07.57 was set by Ye Shiwen at the 2012 London Olympics. ■
Photo:
Yu Zidi smiles after winning the women’s 200m individual medley final at China’s 15th National Games in Shenzhen, south China’s Guangdong Province, Nov. 11, 2025. (Xinhua/Chen Yichen)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.