Connect with us

Videos

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပနေသည့် လမ်းမတော်မြို့နယ် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို လမ်းမတော်မြို့နယ်ရှိ အနော်ရထာလမ်းမကြီးတစ်လျှောက် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ (၁)ရက် ညနေပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ကာ လမ်းမတော်မြို့နယ်ရှိ အနော်ရထာလမ်းတလျှောက် ဝါးတန်းလမ်းထိပ်မှ လမ်းမတော်လမ်းထိပ်အထိ ဆိုင်ခန်းပေါင်း (၁၈၀) ကျော် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။ (Xinhua)