Connect with us

Videos

ချုံချင့်-ဗဟိုအာရှ၊ ချုံချင့်-အရှေ့တောင်အာရှ နိုင်ငံတကာရထား လမ်းကြောင်းနှစ်သွယ် အသွားအပြန်ပြေးဆွဲမှုကို ဖော်ဆောင်

ချုံချင့်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဓာတုထုတ်ကုန်များ၊ မော်တော်ဆိုင်ကယ်အစိတ်အပိုင်းများစသည့် ကုန်ပစ္စည်းများကို တင်ဆောင်လာသော တရုတ်-စင်ကာပူ ဘက်စုံ ပူးတွဲသယ်ယူပို့ဆောင်ရေး သရုပ်ပြစီမံကိန်းမှ ရထားတစ်စင်းသည် တရုတ်နိုင်ငံ ချုံချင့် ယွီးကျွေဘူတာမှ ဒီဇင်ဘာ ၁၅ ရက်တွင် ဖြည်းညင်းစွာ ထွက်ခွာလာခဲ့ပြီး တောင်ဘက်သို့ ဦးတည်ကာ ကွမ်ရှီးဒေသ ချင့်ကျိုးမှ ရထား-ပင်လယ်ရေကြောင်း ပူးတွဲသယ်ယူပို့ဆောင်ခြင်းမှတစ်ဆင့် စင်ကာပူသို့ ပို့ဆောင်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် နောက်ရထားလမ်းကြောင်းတစ်ခုပေါ်တွင် မော်တော်ကား KD အစိတ်အပိုင်းများတင်ဆောင်လာသော တရုတ်-စင်ကာပူ ဘက်စုံ ပူးတွဲသယ်ယူပို့ဆောင်ရေး သရုပ်ပြစီမံကိန်း၏ ရထားတစ်စင်းသည် ချုံချင့်- ဗဟိုအာရှ နိုင်ငံတကာ ရထားနှင့်အတူ ထွက်ခွာခဲ့ပြီး အနောက်ဘက်သို့ ဦးတည်ကာ အာလာဆန်းခိုမြို့အား ဖြတ်ကျော်၍ နိုင်ငံတကာ ရထားလမ်း ပူးတွဲသယ်ယူပို့ဆောင်ခြင်းမှတစ်ဆင့် ကာဇက်စတန်နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်သည်။

ယခုအကြိမ် မောင်းနှင်လာသော အသွားအပြန်ရထားသည် တရုတ်-ဥရောပရထားနှင့် ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်ကို စနစ်တကျ ချိတ်ဆက်ပေးမည်ဖြစ်ပြီး တရုတ်-စင်ကာပူ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေး၏ သက်ဝင်လှုပ်ရှားမှုရှိသော လက်တွေ့လုပ်ဆောင်မှုဖြစ်ရာ တရုတ်နိုင်ငံအနောက်ပိုင်းအား အာဆီယံမှသည် ယူရေးရှားကုန်းမြေအထိပင် ချိတ်ဆက်ပေးသည့် ကုန်သွယ်ရေးစင်္ကြံတစ်ခု တည်ဆောက်ရန် ကူညီပေးမည်ဖြစ်ကြောင်း၊ ယင်းက နိုင်ငံဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်းဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်မှုအတွက် အရှိန်အဟုန်သစ်များ ဖြည့်တင်းပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
#ရပ်ဝန်းနှင့်ပိုးလမ်းမ #တရုတ်_စင်ကာပူ #ဘက်စုံသယ်ယူပို့ဆောင်ရေးသရုပ်ပြစီမံကိန်း #China_Singapore #Multi_modal_Demonstration_Project
……………..
中新多式联运示范项目重庆—中亚、重庆—东南亚国际班列实现双向发车
新华社照片,重庆,2025年12月15日
12月15日,一列装载化工产品、摩托车零配件等货物的中新多式联运示范项目重庆—东南亚班列缓缓驶出重庆鱼嘴站,将向南经广西钦州以铁海联运方式发往新加坡。与此同时,另一条轨道上,一列装载汽车KD件的中新多式联运示范项目重庆—中亚国际班列同步发车,将向西经阿拉山口以国际铁路联运方式发往哈萨克斯坦。
据悉,此次开行的双向班列将有机衔接中欧班列和陆海新通道,是中新共建“一带一路”的生动实践,将助力构建中国西部联结东盟乃至欧亚大陆的贸易走廊,为跨国合作与区域协同发展注入新动能。
图说1:12月15日,中新多式联运示范项目重庆—东南亚班列在重庆鱼嘴站等待发车。 新华社记者 唐奕 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.