Connect with us

Videos

ဟိုင်နန် FTP က ကွဲပြားစုံလင်၍ အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှု ရရှိစေမည်ဟု ကျွမ်းကျင်ပညာရှင် ပြောကြား

ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဟိုင်နန်ကျွန်းတစ်ခွင် အထူးအကောက်ခွန် လုပ်ငန်းဆောင်ရွက်မှုများ စတင်ပြီးနောက် တရုတ်နိုင်ငံ၏ တောင်ဘက်အစွန်ဆုံး၌ တည်ရှိသော ဟိုင်နန်ကျွန်းပြည်နယ်သည် ပိုမိုကွဲပြားစုံလင်၍ ပိုမိုအရည်အသွေးမြင့်မားသော စီးပွားရေးဖွဲ့စည်းမှုပုံစံတစ်ခုကို ရရှိရန် အသင့်ရှိနေပြီဖြစ်ကြောင်း တရုတ်စီးပွားရေးပညာရှင် ဟွမ်ဟန့်ချွမ်က ပြောကြားခဲ့သည်။

ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် တရုတ်မက်ခရိုစီးပွားရေး သုတေသနအကယ်ဒမီ၏ အကြီးအကဲဖြစ်သူ ဟွမ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲ၌ ဟွမ်က အထင်ကရ မူဝါဒများနှင့်ပတ်သက်၍ အလေးပေးပြောကြားခဲ့ကာ ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း (FTP) ၌ အကောက်ခွန်ကင်းလွတ်ခွင့်နှင့် အကျုံးဝင်သော စည်းကြပ်ခွန်စာရင်း အချိုးအစားမှာ ၇၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာမည်ဖြစ်ကာ အသင့်လျော်ဆုံးဖြစ်စေရန် ချိန်ညှိပြင်ဆင်ထားသော စည်းမျဉ်းများနှင့်အတူ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့် ရရှိစေမည်ဟု ဟွမ်က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20251217/08b66f71986641a5a4af63447b564940/c.html
#China #Hainan #FTP #တရုတ်နိုင်ငံ #ဟိုင်နန်ပြည်နယ် #လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.