Connect with us

Videos

တရုတ်နိုင်ငံ သမ္မတရှီက မကာအို SAR အုပ်ချုပ်ရေးမှူး၏ အစီရင်ခံတင်ပြချက်များအား ကြားနာ

ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းမြို့သို့ အလုပ်သဘောခရီးစဉ်အဖြစ် ရောက်ရှိနေသော မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) အုပ်ချုပ်ရေးမှူး ချန်ဟောက်ဟွေးအား ဒီဇင်ဘာ ၁၆ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် ရှီက မကာအိုဒေသ၏ လက်ရှိအခြေအနေနှင့် မကာအို SAR အစိုးရ၏ လုပ်ငန်းကြိုးပမ်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ချန်၏ အစီရင်ခံတင်ပြမှုကို ကြားနာခဲ့သည်။
ရှီက ဗဟိုအစိုးရအဆင့် တာဝန်ရှိသူများအနေဖြင့် ချန်နှင့် မကာအို SAR အစိုးရ၏ ကြိုးပမ်း လုပ်ငန်းဆောင်ရွက်ချက်များအား အပြည့်အဝ အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။
၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးက “တစ်နိုင်ငံ စနစ်နှစ်မျိုး” မူဝါဒအား မယိမ်းမယိုင် ခိုင်ခိုင်မာမာ အကောင်အထည်ဖော်ရန် လိုအပ်လျက်ရှိသည်ကို မီးမောင်းထိုးပြခဲ့ကြောင်း၊ ထိုမူဝါဒအရ မကာအို ပြည်သူများအနေဖြင့် မကာအိုဒေသအား မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြင့် စီမံခန့်ခွဲကာ မကာအိုဒေသ၏ ရေရှည်သာယာဝပြောမှုနှင့် တည်ငြိမ်မှုတို့ကို မြှင့်တင်လျက်ရှိကြောင်း ရှီက ပြောကြားခဲ့သည်။

မကာအို SAR အစိုးရအနေဖြင့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းနှင့် တက်တက်ကြွကြွ ချိတ်ဆက်န်ညှိလုပ်ဆောင်ခြင်း၊ မကာအို၏ အုပ်ချုပ်ရေးမှူးဦးဆောင်သော အစိုးရစနစ်အား ဆက်လက်ထိန်းသိမ်းကာ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်း၊ မကာအို၏ စီးပွားရေးတိုးတက်မှုအား သင့်တင့်လျောက်ပတ်စွာ ကဏ္ဍစုံလင်ဖွံ့ဖြိးတိုးတက်ရေးကို ဖြန့်ခွဲစီမံရေးအတွက် ကြိုးပမ်းမှုများကို ခိုင်ခိုင်မာမာ အဆင့်မြှင့်တင်ခြင်း၊ တရုတ်နိုင်ငံ၏ အလုံးစုံဖွံ့ဖြိုးတိုးတက်မှုအခင်းအကျင်းကြီးတွင် ပိုမိုထိရောက်ကောင်းမွန်စွာ တစ်သားတည်းပေါင်းစည်းခြင်းနှင့် အထောက်အကူပေးခြင်းတို့ကို လုပ်ဆောင်သင့်ကြောင်း ရှီက ဆိုသည်။
ယင်းတွေ့ဆုံမှုအတွင်း လီချန်၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီကန့်ကျယ်၊ ချန်ဝန်ချင်း၊ ရှပေါင်လုန်နှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.