Connect with us

Videos

မြန်မာနိုင်ငံတွင် ၉ လတာကာလအတွင်း သဘာဝဘေးအန္တရာယ် ၁,၀၀၀ ကျော်ကြုံတွေ့ခဲ့ရ

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် ဧပြီလကနေ ဒီဇင်ဘာလအတွင်း သဘာဝဘေးအန္တရာယ် ၁,၂၃၇ ကြိမ် ကြုံတွေ့ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ အဲဒီပမာဏဟာ၂၀၂၃ ခုနှစ် အလားတူကာလကဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ် ၁,၆၇၀ ကြိမ်နဲ့ နှိုင်းယှဉ်ပါက ကျဆင်းသွားခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လေးရွှေစင်ဦးက ဆင်ဟွာကို ပြောခဲ့ပါတယ်။
အဆိုပါ ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေဟာ ရေဘေး၊ လေပြင်းတိုက်ခတ်မှုဘေးနဲ့ မီးဘေးတို့ ဖြစ်ပြီး ၎င်းတို့အနက် လေဘေးမှာ ဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်း သိရပါတယ်။
ဝန်ကြီးဌာနအနေနဲ့ အဲဒီကာလအတွင်း သဘာဝဘေးသင့်သူတွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ စုစုပေါင်း ကျပ် ၆.၈၉၃ ဘီလီယံကျော် ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.