Videos
ခြင်းလုံး ခတ်ကစားခြင်းသည် နိုင်ငံ့ယဉ်ကျေးမှုအမွေအနှစ်များ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိလျက်ရှိ
နှစ်ပေါင်း ၁,၅၀၀ ကျော် သမိုင်းကြောင်းရှိသည့် မြန်မာ့ရိုးရာ အမျိုးသားအားကစားဖြစ်သည့် ခြင်းလုံးသည် နိုင်ငံ့ယဉ်ကျေးမှုအမွေအနှစ်များ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိလျက်ရှိသည်။ နိုင်ငံတကာ အသိအမှတ်ပြုမှုဆီသို့ သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်အနေဖြင့် မြန်မာ့ရိုးရာအားကစားဖြစ်သော ခြင်းလုံးအားကစားကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရေးအတွက် ၂၀၂၆ ခုနှစ်တွင် တင်သွင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် (MCF) က ပြီးခဲ့သည့် ဖေဖော်ဝါရီလက ထုတ်ပြန်ကြေညာထားသည်။ (Xinhua)
#CHINLONESPORT #UNESCO #TraditionalNationalSport #ယဉ်ကျေးမှုအမွေအနှစ် #ခြင်းလုံးအားကစား #ယူနက်စကို