Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
ဓားစာခံများ ပြန်လွှတ်ပေးရေးအတွက် အဆင့်နှစ်ဆင့်ပါဝင်သော အစီအစဉ်ကို အစ္စရေးက ဟားမက်စ်အား အဆိုပြုခဲ့ဟု အီဂျစ်သတင်းရင်းမြစ်များ ဆို - Xinhua News Agency
Connect with us

Videos

ဓားစာခံများ ပြန်လွှတ်ပေးရေးအတွက် အဆင့်နှစ်ဆင့်ပါဝင်သော အစီအစဉ်ကို အစ္စရေးက ဟားမက်စ်အား အဆိုပြုခဲ့ဟု အီဂျစ်သတင်းရင်းမြစ်များ ဆို

ကိုင်ရို၊ မတ် ၂၆ ရက် (ဆင်ဟွာ)
ဂါဇာဒေသတွင် ဖမ်းဆီးခံထားရသော ဓားစာခံများ ပြန်လွှတ်ပေးရေးအတွက် အဆင့်နှစ်ဆင့် ပါဝင်သော အစီအစဉ်ကို အစ္စရေးက အီဂျစ် စေ့စပ်ညှိနှိုင်းသူများမှတစ်ဆင့် ဟားမက်စ်အဖွဲ့အား အဆိုပြုခဲ့သည်ဟု ထိုကိစ္စရပ်နှင့် ပတ်သက်၍ ထဲထဲဝင်ဝင် သိရှိထားသော အီဂျစ်သတင်းရင်းမြစ်များက မတ် ၂၂ ရက်၌ ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ယင်းအဆိုပြုချက်၏ ကနဦးအဆင့်၌ ဟားမက်စ်အဖွဲ့အနေဖြင့် အသက်ရှင်ဆဲ ဓားစာခံ ၁၁ ဦးနှင့် သေဆုံးသူများ၏ ရုပ်အလောင်းများ လွှဲပြောင်းပေးရမည့် အစီအစဉ်ပါဝင်ကာ ထို့နောက်တွင် ရက် ၄၀ ကြာ အပစ်အခတ်ရပ်စဲထားမည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဖန် အဆိုပြုချက် ဒုတိယအဆင့်၌ ဟားမက်စ်အဖွဲ့အနေဖြင့် ကျန်ရှိသော ဓားစာခံအားလုံးကို တစ်သုတ်တည်း အပြီးလွှတ်ပေးရန် အစ္စရေးဘက်က တောင်းဆိုထားသည်။
အမေရိကန်ကမူ လတ်တလော စစ်ရေးအရ ဖိအားပေးမှုကို အမိအရ အသုံးချလိုက်သည့် အစ္စရေး၏ အဆိုပြုချက်ကို ထောက်ခံကြောင်း သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
အစ္စရေးက မတ် ၁၈ ရက်တွင် ဂါဇာဒေသ၌ တိုက်ခိုက်မှုများ တစ်ကျော့ပြန် လုပ်ဆောင်ခဲ့ခြင်းကြောင့် အီဂျစ်၊ ကာတာနှင့် အမေရိကန်တို့၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီ ၁၉ ရက်က
စတင်အသက်ဝင်လာခဲ့သည့် အပစ်အခတ်ရပ်စဲမှုကို လက်တွေ့အားဖြင့် အဆုံးသတ်စေခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် အစ္စရေးတပ်ဖွဲ့ဝင်များက ဂါဇာဒေသ တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် မြေပြင်စစ်ဆင်ရေး လုပ်ဆောင်ခဲ့ရာ ယင်းအား လက်တုံ့ပြန်သည့်အနေဖြင့် ဟားမက်စ်အဖွဲ့ကလည်း အစ္စရေးနယ်မြေများကို ပစ်မှတ်ထား၍ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီး အဆိုပါ ဒုံးကျည်အများစုကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း အစ္စရေးဘက်က ပြောဆိုထားသည်။ (Xinhua)

#Egypt #Israel #Hostage #ReleasePlan #အီဂျစ် #အစ္စရေး #ဓားစာခံ #ပြန်လွှတ်ပေးရေးအစီအစဉ်
…………
Israel proposes two-phase hostage release plan to Hamas: Egyptian sources

CAIRO, March 22 (Xinhua) — Israel has proposed a two-phase plan to the Hamas movement, through Egyptian mediators, for the release of hostages held in Gaza, well-informed Egyptian sources told Xinhua on Saturday.

The initial phase of the proposal involves Hamas releasing 11 living hostages and the bodies of 16 deceased individuals. This would be followed by a 40-day truce.

Subsequently, in the second phase, Israel’s proposal calls for Hamas to release all the remaining hostages in a single batch.

The United States backs Israel’s proposal, which leverages “the current military pressure,” according to the sources.

Israel resumed strikes in Gaza on Tuesday, effectively ending a ceasefire with Hamas brokered by Egypt, Qatar, and the United States that began on Jan. 19. Israeli forces subsequently launched ground operations across southern, northern, and central Gaza. In response, Hamas made several rocket launches targeting Israeli territory, most of which Israel said have been intercepted.

English Caption

Relatives and friends of a hostage watch televised broadcast of the hostage release at an apartment in Tel Aviv, Israel, Feb. 22, 2025. (Tomer Neuberg/JINI via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.