Videos
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရပ်ကွက်အချို့တွင် ကလေးငယ်များ ရေဆော့ကစားခြင်းဖြင့် သင်္ကြန်အကျနေ့ကို အေးချမ်းစွာ ဖြတ်သန်းနေမှု မြင်ကွင်းများ
ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရပ်ကွက်အချို့တွင် ကလေးငယ်များ ရေဆော့ကစားခြင်းဖြင့် သင်္ကြန်အကျနေ့ကို အေးချမ်းစွာ ဖြတ်သန်းနေမှု မြင်ကွင်းများကို ဧပြီ ၁၄ ရက်တွင် ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ သင်္ကြန်ကာလအတွင်း ရပ်ကွက်အလိုက် ဘေးတွဲဆိုင်ကယ်များ၊ နောက်တွဲယဉ်များ၊ သုံးဘီးယဉ်များဖြင့် ရေပက်ခံထွက်ခြင်း၊ လမ်းလျှောက်ရေပက်ခံထွက်ခြင်းများ အစရှိသဖြင့် ရိုးရာသင်္ကြန်ကို အေးချမ်းစွာ ဖြတ်သန်းလျက်ရှိကြောင်း သိရသည်။ (Xinhua)
#ရန်ကုန် #သင်္ကြန်အကျနေ့ #ကလေးငယ် #ရေကစား