Connect with us

Videos

“TikTok မရောင်းလျှင် အသုံးပြုခွင့် ပိတ်ပင်” မည့် ဥပဒေအား ဖြေလျှော့ကာလ ၇၅ ရက် ထပ်ပေးမည်ဟု ထရမ့် ကြေညာ

ဝါရှင်တန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် အမိန့်ကြေညာချက်တစ်ရပ် လက်မှတ်ရေးထိုးမည်ဖြစ်ပြီး “TikTok မရောင်းလျှင် အသုံးပြုခွင့် ပိတ်ပင်” မည့် ဥပဒေအား ဖြေလျှော့ကာလ ၇၅ ရက် ထပ်ပေးမည်ဟု ဧပြီ ၄ ရက် လူမှုကွန်ရက်မီဒီယာတွင် ကြေညာခဲ့သည်။ထရမ့်က ၎င်းအစိုးရအနေဖြင့် “TikTok ကို ကယ်ဆယ်ရန်” သဘောတူညီချက်တစ်ရပ်ကို တောက်လျှောက် ကြိုးပမ်းတွန်းအားပေး ဆောင်ရွက်နေကြောင်းနှင့် “ကြီးမားသော တိုးတက်မှု ရရှိပြီ” ဖြစ်သော်လည်း သဘောတူညီချက် ရရှိရန်မှာ “အလုပ်များ ပိုမို လုပ်ဆောင်ရန်” လိုအပ်သေးကြောင်း ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ဧပြီလတွင် ထိုစဉ်က အမေရိကန် သမ္မတ ဘိုင်ဒန်သည် လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုသည့် “မရောင်းလျှင် အသုံးပြုခွင့်ပိတ်ပင်” သည့် ဥပဒေကို လက်မှတ်ရေးထိုးခဲ့ပြီး TikTok ၏ မိခင်ကုမ္ပဏီဖြစ်သည့် ByteDance ကို ရက်ပေါင်း ၂၇၀ အတွင်း TikTok အား တရုတ်မဟုတ်သည့် ကုမ္ပဏီလုပ်ငန်းကို ရောင်းချပေးရန် တောင်းဆိုခဲ့ကြောင်း၊ သို့မဟုတ်ပါက ယင်းအပလီကေးရှင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှစ၍ အမေရိကန်၌ အသုံးပြုခွင့် ပိတ်ပင်မည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီ ၂၀ ရက်က ထရမ့်သည် သမ္မတတာဝန် ထမ်းဆောင်သည့် ပထမနေ့တွင်ပင် အမိန့်ကြေညာချက် လက်မှတ်ရေးထိုးကာ TikTok အား “မရောင်းလျှင် အသုံးပြုခွင့်ပိတ်ပင်” မည့် ဥပဒေကို ဖြေလျှော့ကာလ ၇၅ ရက်ခွင့်ပြုပေးခဲ့သည်။ ယင်းဖြေလျှော့ကာလမှာ မူလသတ်မှတ်ချက်အရ ဧပြီ ၅ ရက်တွင် ကုန်ဆုံးမည် ဖြစ်သည်။ (Xinhua)

#US #Trump #TikTok #အမေရိကန် #ထရမ့် #တစ်တော့

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.