Videos
ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် ရွှေတိဂုံစေတီတော်မြတ် အပါအဝင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဘုရားစေတီများ၌ ဘုရားဖူးလာပြည်သူများဖြင့် စည်ကား
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက်သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ရွှေတိဂုံစေတီတော်မြတ် အပါအဝင် ရန်ကုန်မြို့ရှိ ဘုရားစေတီများ၌ ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်မြတ်သို့ လာရောက်ကြသည့် ဘုရားဖူးပြည်သူများကို ဇူလိုင် ၉ ရက်တွင် ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ (Xinhua)