Videos
Asian Expo Yangon 2025 ပြပွဲ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပ
ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
Asian Expo Yangon 2025 ပြပွဲကို စက်တင်ဘာ ၂၆ ရက် မှ ၂၈ ရက်အထိ မြန်မာနိုင်ငံ ရန်ကုန်မြို့ Yangon Convention Center (YCC) တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။ သုံးရက်ကြာကျင်းပမည့် အဆိုပါပြပွဲကို Creation Strength Co., Ltd. နှင့် Marketing Dioxide Co., Ltd. တို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ပြပွဲတွင် အာရှနိုင်ငံများမှ ဖက်ရှင်နှင့် လူသုံးကုန်ပစ္စည်းများ၊ ကျန်းမာရေးနှင့် အလှအပဆိုင်ရာပစ္စည်းများ၊ ကျောက်မျက်ရတနာပစ္စည်းများ၊ ပညာရေးနှင့် ဝန်ဆောင်မှုများ၊ အစားအသောက်နှင့် ယမကာပစ္စည်းများ၊ မော်တော်ယာဉ်များနှင့် လျှပ်စစ်မော်တော်ယာဉ် (EV) များ အပါအဝင် အာရှနိုင်ငံအသီးသီးမှ ထုတ်ကုန်အမျိုးမျိုးကို ခင်းကျင်းပြသထားသည်။ အဆိုပါပြပွဲတွင် တရုတ်ကားများ၊ တရုတ်လျှပ်စစ်မော်တော်ယာဉ်များနှင့် တရုတ်နိုင်ငံထုတ် ဆိုလာစွမ်းအင်သုံး ထုတ်ကုန်များအပါအဝင် စုစုပေါင်း ပြခန်း ၂၀၀ ကျော် ပြသထားကြောင်း သိရသည်။ (Xinhua)