Videos
ရွှေတိဂုံစေတီတော်၌ မြန်မာ့ရိုးရာ ထမနဲပွဲတော် ကျင်းပ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
၁၈ ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲနှင့် လှူဒါန်းပွဲတို့ကို ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက် (တပို့တွဲလပြည့်) တို့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်တွင် ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်အနီး ထန်းပင်ကုန်းကွင်းတွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် အသင်းပေါင်း ၃၆ သင်း ပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
