Videos
မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ဆုံးဖြစ်သော တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) နှစ် ၁၂၀ ပြည့်မြောက်ပြီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ဆုံးဖြစ်သော တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ နှစ် ၁၂၀ ပြည့် အထိမ်းအမှတ် နှစ်ပတ်လည်ပွဲကို ဇန်နဝါရီ ၃၁ ရက်က ကျင်းပခဲ့သည်။
၁၉၀၆ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့သော တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၌ နို့တိုက်သတ္တဝါ ၄၄ မျိုး၊ ကျေးငှက်သတ္တဝါ ၇၁ မျိုးနှင့် တွားသွားသတ္တဝါ ၂၀ မျိုးကို ပြကွက်စုစုပေါင်း ၅၈ ကွက်ဖြင့် အများပြည်သူများ လေ့လာနိုင်စေရန် ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားလျက်ရှိကြောင်း သိရသည်။ (Xinhua)
