Videos
မြန်မာနိုင်ငံ၏ တစ်မူထူးခြားသော “လက်ဖက်” ယဉ်ကျေးမှုကို နိုင်ငံတကာမှ ပိုမိုအသိအမှတ်ပြုလာစေရန်ရည်ရွယ်ကာ ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြန်မာ့လက်ဖက် ပွဲတော်ကျင်းပလျက်ရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ တစ်မူထူးခြားသော “လက်ဖက်” ယဉ်ကျေးမှုကို နိုင်ငံတကာမှ ပိုမိုအသိအမှတ်ပြုလာစေရန်နှင့် လူအများက ၎င်းကို ပိုမိုနားလည်၊ တန်ဖိုးထား၊ထိန်းသိမ်းလာနိုင်စေရန် ရည်ရွယ်ကာ ပြုလုပ်သည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ဖက်ပွဲတော်ကို ဖေဖော်ဝါရီ ၁၁ ရက်မှ ဖေဖော်ဝါရီ ၁၄ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိပြီး လက်ဖက်၏ယဉ်ကျေးမှု၊ သမိုင်းနှင့် အမှတ်သင်္ကေတဆိုင်ရာ အရေးပါမှုကို မီးမောင်းထိုးပြလျက်ရှိသည်။ အဆိုပါပွဲလက်ဖက်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) နှင့် မြန်မာနိုင်ငံလက်ဖက်အသင်းတို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ လေးရက်ကြာ ကျင်းပသည့် အဆိုပါပွဲတော်အတွင်း ဒေသအသီးသီးမှ လက်ဖက်၊ လက်ဖက်နှင့်ပတ်သက်သောထုတ်ကုန်များကို ပြခန်းပေါင်း ၁၇ ခန်းဖြင့် ခင်းကျင်းပြသထားပြီး အခြားသော ပြခန်း ၁၀ ခန်းတွင်မူ တိုင်းရင်းသားအစားအစာများ ပြသထားကြောင်း သိရသည်။ (Xinhua)
