Connect with us

Videos

အနီရောင်မီးအိမ်များ ထွန်းညှိကာ ဗုံသံများဖြင့် စည်ကားသိုက်မြိုက်စွာ တရုတ်နှစ်သစ်ကူးပွဲတော်ကို ကြိုဆို ဆင်နွှဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ဖေဖော်ဝါရီလ ၁၄ ရက် ညနေခင်းက မြင်းနှစ် တရုတ်နှစ်သစ်ကူးကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အနီရောင်မီးအိမ်များ ထွန်းညှိကာ ဗုံသံများဖြင့် စည်ကားသိုက်မြိုက်စွာ တရုတ်နှစ်သစ်ကူးပွဲတော်ကို ကျင်းပ ခဲ့ကြရာ ပရိသတ် ၁,၅၀၀ ကျော်ထက်မနည်းပါဝင်ဆင်နွှဲခဲ့ကြသည်။မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် အဆိုပါ အခမ်းအနားကို အစိုးရတာဝန်ရှိသူများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ မြန်မာနိုင်ငံရောက် တရုတ်နွယ်ဖွားများနှင့် ဒေသခံပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။ (Xinhua)