Videos
ဝူးမုန်ဆန်းတောင်အတွင်းပိုင်းမှ စတာဂျင်ငါးများအား ပင်လယ်ရပ်ခြားထိ ရောင်းချ
ချွီကျင့်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံ ဝူးမုန်ဆန်းတောင်တန်းဒေသ ချွီကျင့်မြို့ ဟွေ့ဇယ်ခရိုင်သည် ရေအရင်းအမြစ်အားသာချက်ဖြင့် ရေအေးငါး မွေးမြူရေးလုပ်ငန်းကို အင်တိုက်အားတိုက်ဖော်ဆောင်ခဲ့ရာ ထုတ်လုပ်သည့် ကာဗီယာငါးဥများကို ဥရောပ၊ အမေရိက၊ အရှေ့တောင်အာရှ စသည့်ဈေးကွက်များအထိ ရောင်းချခဲ့သည်။ ကာဗီယာငါးဥ အရည်အသွေးအား အာမခံနိုင်ရန် ကုန်ချောထုတ်လုပ်ရေး လုပ်ငန်းစဉ် အားလုံးကို ၁၅ မိနစ်အတွင်း ပြီးစီးအောင် လုပ်ဆောင်ထားသည်။ ၂၀၂၅ ခုနှစ်တွင် ကာဗီယာငါးဥ တန်ချိန် ၂၀ ထုတ်လုပ်ပြီး ဝင်ငွေ ယွမ် သန်း ၆၀ ရှိကြောင်း သိရသည်။ လက်ရှိ ဟွေ့ဇယ်ခရိုင်၌ စတာဂျင်ငါး မွေးမြူရေး၊ ကာဗီယာငါးဥ ကုန်ချောထုတ်လုပ်မှု စသည့် လုပ်ငန်းကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုပုံစံ ဖြစ်တည်လာပြီး ၂၀၂၅ ခုနှစ် ဟွေ့ဇယ်ခရိုင် စတာဂျင်ငါး လုပ်ငန်းကွင်းဆက်တစ်ခုလုံး၏ အထွေထွေထုတ်ကုန်တန်ဖိုးသည် ယွမ် သန်း ၄၀၀ ကျော်ရှိပေသည်။ (Xinhua)
———————————————————
(Chinese Version)
标题:乌蒙深处 一尾鲟鱼游海外
【简介】近年来乌蒙山区的曲靖市会泽县依靠水资源优势大力发展冷水鱼养殖业,生产的鱼子酱远销欧美、东南亚等市场。鱼子酱加工所有工序在15分钟内完成,以保证鱼子酱品质。2025年,该公司产鱼子酱20吨,营收达到6000万元。目前,会泽已形成鲟鱼良种繁育、鱼子酱加工等全产业链发展模式。2025年,会泽县鲟鱼全产业链综合产值已超过4亿元。
