Videos
မြန်မာနိုင်ငံ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ၂၀၂၆ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” “အရောင်အဆင်းကြွယ် ကွမ်ရှီးမြေဝယ် – ကွမ်ရှီးတိုင်းရင်းသားဝတ်စုံယဉ်ကျေးမှုပြပွဲ” ကျင်းပ
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ဖေဖော်ဝါရီ ၈ ရက်က “အရောင်အဆင်းကြွယ် ကွမ်ရှီးမြေဝယ် – ကွမ်ရှီးတိုင်းရင်းသားဝတ်စုံယဉ်ကျေးမှုပြပွဲ”ကို ကျင်းပခဲ့ကြောင်းသိရသည်။ “တိုင်းရင်းသားဝတ်စုံယဉ်ကျေးမှုပြပွဲကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် ကွမ်ရှီးတိုင်းရင်းသားပြတိုက်တို့ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် တရုတ်ရိုးရာယဉ်ကျေးမှုနှင့် တိုင်းရင်းသားဝတ်စုံယဉ်ကျေးမှုများကို မိတ်ဆက်ပြသရန်၊ မြန်မာပြည်သူများအနေဖြင့် တရုတ်နိုင်ငံအကြောင်းကို ပိုမိုနားလည်သိရှိရုံသာမက တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများအချင်းချင်း နားလည်မှုများတိုးပွားပြီး ရိုးရာမပြတ် ဆွေမျိုးပေါက်ဖော်သံယောဇဉ်ကို ပိုမိုခိုင်မြဲစေနိုင်သည့်အတွက် အင်မတန်မှ အကျိုးရှိစေမည်” ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr.Li Qianguo က အဆိုပါ ပြပွဲ အခမ်းအနား၌ အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။ ကွမ်ရှီးဒေသသည် တရုတ်နိုင်ငံ တောင်ပိုင်းအစပ်တွင် တည်ရှိပြီး တိုင်းရင်းသား အများအပြား စုဝေးနေထိုင်ကြသည့် ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။ Zhuang ၊ Yao၊ Miao ၊ Dong အစရှိတဲ့ တိုင်းရင်းသားဝတ်စုံများ၏ အဆင်ဒီဇိုင်းပန်းထိုးလက်ရာများ၊ ငွေထည်များဖြင့် အလှဆင်မှုများ၊ သဘာဝရှုခင်းအရောင်များကို မှီငြမ်းပြီး အရောင်စပ်ဟပ်မှုများ စသဖြင့် ဝတ်စုံတိုင်းက တိုင်းရင်းသားလူမျိုးများ၏ အဖိုးထိုက်တန်လက်ရာများပင်ဖြစ်ကြောင်း သိရသည်။ ဝတ်စုံများ၏ ချုပ်လုပ်မှု တစ်ခုစီတိုင်းက တရုတ်ရိုးရာယဉ်ကျေးမှု၏ အသွင်စုံလင်မှု၊ ကွမ်ရှီးဒေသ၏ လှပသည့် ဘဘာဝရှုခင်းများနှင့် လူဦးရေ သန်း ၅၀ ရှိသော ကွမ်ရှီးဒေသ တိုင်းရင်းသားများ၏ ရိုးသားဖော်ရွေမှုများသည်လည်း ယခုပြပွဲအတွင်း ထင်ဟပ်ဖော်ပြလျက်ရှိကြောင်း သိရသည်။ (Xinhua)
