ရှီးချန်း ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အဝေးထိန်းအာရုံခံ ဂြိုဟ်တုသစ်တစ်စင်းအား စက်တင်ဘာ ၁၇ ရက်တွင် အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ Yaogan-39 ဂြိုဟ်တုကို သယ်ဆောင်ထားသည့် Long March-2D သယ်ဆောင်ရေးဒုံးပျံအား ပေကျင်းစံတော်ချိန် နေ့လယ် ၁၂ နာရီ...
နန်နင်း ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်း၌ ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားအား စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခုနှစ် တရုတ်-အာဆီယံကုန်စည်ပြပွဲအား...
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံဘုရားလမ်းရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း မြေတူးရာမှ ရှေးဟောင်းအုတ်ခွက်ဘုရားများ ထပ်မံ တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။ အဆိုပါ ကျောင်းဝန်းအတွင်း ကျောင်းဆောင်သစ်ဆောက်လုပ်ရန် မြေတူးရာ သြဂုတ်...
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊လောက်ကိုင်မြို့နယ်၊ မူကာကျိုင်းကျေးရွာရှိ နေအိမ်တစ်လုံးအတွင်းမှ ကျပ် ၂,၀၄၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစားမှု ထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC)က ယနေ့(စက်တင်ဘာ ၁၇ ရက်နေ့)ထုတ်ပြန်သော သတင်းအရ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့နယ်၊ မူကွာကျိုင်းကျေးရွာနေ...
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ထိုင်ဝမ်ဒေသကို လက်နက်ရောင်းမှုတွင် ပါဝင်ခြင်းကြောင့် အမေရိကန်ကုမ္ပဏီနှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့ရန် ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က စက်တင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။
ဟာဗားနား၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင် ၊ CPC စည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင် အတွင်းရေးမှူး လီရှီးသည် စက်တင်ဘာ ၁၅ ရက်က ဟာဗားနားမြို့၌ ကျင်းပသည့်...
အန်ကာရာ ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) တူရကီနိုင်ငံအနေဖြင့် ဥရောပအစုအဖွဲ့နှင့် ပူးပေါင်းရန် ကြိုးပမ်းမှုသည် အဆုံးသတ်နိုင်ကြောင်း ဖော်ပြကာ ဥရောပသမဂ္ဂ(EU)နှင့် လမ်းခွဲနိုင်ကြောင်း တူရကီနိုင်ငံသမ္မတအာဒိုဂန်က စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ဦလန်ဘာတာ ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) မကြာမီ ကျင်းပမည့် ဟန်ကျိုးအာရှအားကစားပြိုင်ပွဲသို့ မွန်ဂိုလီးယားနိုင်ငံက အဖွဲ့ဝင် ၆၀၀ ကျော်ရှိသည့် ကိုယ်စားလှယ်အဖွဲ့အား စေလွှတ်သွားမည် ဖြစ်ပြီး ယင်းမှာ အာရှအားကစားပြိုင်ပွဲတစ်ခုတည်းအတွက် အကြီးဆုံးအဖွဲ့ဖြစ်ကြောင်း မွန်ဂိုလီးယားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ခုနစ်မျိုး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာအားကစားကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ ဦးခွန်ဂျာအောင်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ထရီပိုလီ ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)’ လစ်ဗျားနိုင်ငံအရှေ့ပိုင်းတွင် စက်တင်ဘာ ၁၀ ရက်တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် လူနေအိမ် ၅,၀၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း လစ်ဗျား အိမ်ရာနှင့်ဝန်ဆောင်မှုလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ရးအေဂျင်စီက စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ရေကြီးရေလျှံမှုများကြောင့် ရေပေးဝေရေးကွန်ရက်များ ပျက်စီးသွားခဲ့ပြီး ရေဘေးသင့်ဒေသများတွင် သောက်သုံးရေ...