ထျန်းကျန်း ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြူနီစီပယ် Huanghuadian မြို့ရှိ ရွှေ့ပြောင်းနေထိုင်ကြသည့် ရွာသူ/သား စုစုပေါင်း ၁၅,၀၁၁ ဦးသည် ရေကြီးရေလျှံမှုများ ပြန်လည်ကျဆင်းသွားပြီးနောက် ဩဂုတ် ၁၇ ရက်တွင် ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
တိုကျို ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) ဂျပန်အစိုးရက သမုဒ္ဒရာအတွင်းသို့ ပျက်စီးနေသော ဖူကူရှီးမားဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံမှ နျူကလီးယား ညစ်ညမ်းရေများ စွန့်ပစ်ရန် သတ်မှတ်ရက်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက် နီးကပ်လာသဖြင့် ရာပေါင်းများစွာသော ဂျပန်နိုင်ငံသားများက စွန့်ပစ်မည့်အစီအစဉ်အား ကန့်ကွက်ဆန္ဒပြရန် ဩဂုတ် ၁၈ ရက်တွင် တိုကျိုမြို့လယ်ခေါင်၌ စုဝေးခဲ့ကြကြောင်း သိရသည်။...
နန်နင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းတိုင်းစစ်ဒေသက ထိုင်ဝမ်ကျွန်းအနီး ရေတပ်နှင့် လေတပ်တို့၏ ဝေဟင်နှင့် ရေပြင်ပူးတွဲကင်းလှည့်ခြင်းနှင့် စစ်ရေးလေ့ကျင့်ခြင်းကို ဩဂုတ် ၁၉ ရက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ၊ ပေကျင်းမြို့၌ ဩဂုတ် ၁၆ ရက်မှ ၂၂ ရက်အထိ ကျင်းပလျက်ရှိသည့် ကမ္ဘာ့စက်ရုပ်ညီလာခံ၌ စားပွဲတင်တင်းနစ် ကစားခြင်း ၊ gobang ကစားခြင်း နှင့် နှိပ်နယ်ပေးနေသော သွက်လက်ပြီး စမတ်ကျသည့် စက်ရုပ်များအား ဖော်ပြပါရုပ်သံဖိုင်တွင်...
ရန်ကုန်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံက လောင်းကစားနှင့်လိမ်လည်သူအုပ်စုများကို ပူးပေါင်းတိုက်ဖျက်ရေး အထူးပူးတွဲလှုပ်ရှားမှုစတင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဩဂုတ် ၁၈ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Maui ခရိုင်တွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၁၁၁ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ယင်းခရိုင်ရှိ အရာရှိတစ်ဦးက ဩဂုတ် ၁၇ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
ဂျိုဟန်နာဘတ်စ် ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) တရုတ်မော်တော်ကားထုတ်လုပ်သော လုပ်ငန်းဖြစ်သည့် Chery က မော်တော်ကားများကို ယခုလနှောင်းပိုင်းတွင် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ ကျင်းပပြုလုပ်မည့် ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၌ အသုံးပြုရန် ယာဉ်အစီးရေ ၆၀ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မော်စကို၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံသား ၅၄ ဦးကို ပိတ်ဆို့အရေးယူပြီး ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၁၈ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။
ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အာကာသလက်တွေ့စမ်းသပ်ခန်းအဖြစ် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လည်ပတ်နေသော ထျန်းကုန်းအာကာသစခန်းသည် အာကာသကြိုးပမ်းဆောင်ရွက်မှုများ ရှေ့ဆက်လုပ်ဆောင်လျက်ရှိသလို အကျိုးကျေးဇူးရှိသော ရလဒ်များလည်း ရရှိနေကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအေဂျင်စီအရ သိရသည်။
ရှန်ဟိုင်း ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ရာသီဥတုဘေးအန္တရာယ်များ ကိုင်တွယ်ဖြေရှင်းရန် မိုးလေဝသကြိုတင်ခန့်မှန်းချက်များ ပိုမိုတိကျ မှန်ကန်စေရေးအတွက် နည်းပညာများ အသုံးပြုလျက်ရှိကာ ဉာဏ်ရည်တု(AI)နည်းပညာက တရုတ်နိုင်ငံ မိုးလေဝသပညာတွင် နောက်ဆုံးပေါ်အသုံးပြုမှု ဖြစ်လာခဲ့သည်။