ဟာဂါဒါ၊ အီဂျစ်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) ရေငုပ်ခြင်းကို စိတ်ပါဝင်စားသူများအနေဖြင့် ယခုအခါ ပင်လယ်နီရှိ တောက်ပသောရေပြင်ကျယ်အတွင်း ဆင်းသက်ကာ ယခုသီတင်းပတ်အတွင်း ဖွင့်လှစ်ခဲ့သော အီဂျစ်နိုင်ငံ၏ ပထမဆုံး ရေအောက်စစ်သမိုင်းပြတိုက်ကို သွားရောက်လေ့လာနိုင်ပြီဖြစ်သည်။
ဆော်ဒီအာရေဗျ ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော် ပေကျင်း နှင့် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ် ၊ ပင်လယ်နီ ဆိပ်ကမ်းမြို့ ဖြစ်သည့် ဂျဒ်ဒါတို့အား ပျံသန်းသည့် တိုက်ရိုက်လေကြောင်းခရီးစဉ်အား ဆော်ဒီအာရေးဗျ လေကြောင်းလိုင်း(ဆော်ဒီ)က ဩဂုတ် ၄ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
မော်စကို၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) ရုရှား ရေနံတင် သင်္ဘောတစ်စီးသည် ဩဂုတ် ၅ ရက် နံနက်ပိုင်းက Kerch ရေလက်ကြားတွင် ယူကရိန်းမောင်းသူမဲ့ရေယာဉ်၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း Novorossiysk ရေကြောင်းကယ်ဆယ်ရေးနှင့် ညှိနှိုင်းရေးစင်တာ(MRCC)၏ သတင်းကို ကိုးကား၍ TASS သတင်းဌာန ဖော်ပြထားသည်။
အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို ဒေသဆိုင်ရာတရားရုံးတစ်ခုက ၎င်း၏ငွေကြေးပိုင်ဆိုင်မှုများ ဖုံးကွယ်ထားသည့်အတွက် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးနောက် အစ္စလာမ်မာဘတ်ရဲတပ်ဖွဲ့က ဩဂုတ် ၅ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ (Xinhua) —————————- Pakistan’s former PM...
ငြိမ်းချမ်းရေးသင်္ဘော၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်ရေတပ် ဆေးသင်္ဘော “ငြိမ်းချမ်းရေး သင်္ဘောကြီး”၏ တွန်ဂါနိုင်ငံသို့ အလည်အပတ်ခရီးစဉ်နှင့် ဆေးကုသရေးဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများသည် ဩဂုတ် ၄ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ပြီးဆုံးခဲ့ပြီး နူကူအလိုဖာ ဆိပ်ကမ်းမှ “ချစ်ကြည်သင့်မြတ်ရေး-၂၀၂၃”မစ်ရှင် တတိယနေရာဖြစ်သော ဗနွားတူနိုင်ငံသို့...
ပေကျင်း ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) ပေကျင်းမြို့ ဖောင်ဆန်းခရိုင် Koutou ကျေးရွာမှ ရေဘေးသင့်ပြည်သူများသည် ရေများကျဆင်းသွားပြီးနောက် ပြောင်းရွှေ့နေထိုင်သည့်နေရာများမှ ၎င်းတို့၏ နေအိမ်များသို့ ဩဂုတ် ၅ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
နယူးဒေလီ ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း အက်ထရာခန်ပြည်နယ်၌ လျှပ်တစ်ပြက်ရေကြီးရေလျှံမှုများကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ကာ လူ ၁၂ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ဦးဆာင်သည့် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)က မကြာသေးမီက ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ ၁၂၅ နေရာအနက် နေရာ ၁၂၀ အနိုင်ရရှိခဲ့ကြောင်း အမျိုးသားရွေးကောက်ပွဲကော်မရှင်(NEC)က ဩဂုတ် ၅ ရက်တွင် ထုတ်ပြန်သော တရားဝင်ရလဒ်များအရ သိရသည်။
ဖနွမ်းပင်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်က ၂၀၂၃ ခုနှစ် ပထမ ၇ လအတွင်း လက်မှတ်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၂၀.၃ သန်း ရရှိခဲ့ရာ ယမန်နှစ် အလားတူကာလက ရရှိခဲ့သော ဒေါ်လာ ၃.၃၇ သန်းထက် ၅၀၂ ရာခိုင်နှုန်း...
ကျောကျိုး၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) ကျောကျိုးမြို့သည် တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဒဏ် ဆိုးဝါးစွာခံစားရသောဧရိယာတစ်ခုဖြစ်သည်။ ယင်းမြို့ရှိ မြို့နေလူထုရင်ဆိုင်ကြုံတွေ့နေရသော ရေရှားပါးမှုကို သက်သာလျော့ပါးစေရန် ရေများထုတ်လုပ်ကာ ပေးဝေနိုင်စွမ်းရှိသော ယာယီရေပေးဝေရေးနေရာ နှစ်ခု သတ်မှတ်ကာ ရေရရှိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua) ……………………………… Temporary...