ဝန်ချန်း၊ ဟိုင်နန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ထျန်းကျိုး-၇ ကုန်တင်အာကာသယာဉ်နှင့် Long March-7 Y8 သယ်ဆောင်ရေးဒုံးပျံ ပေါင်းစပ်ယာဉ်အား လွှတ်တင်ရေးနေရာသို့ ဇန်နဝါရီ ၁၅ ရက်က ဒေါင်လိုက်ရွှေ့ပြောင်းသယ်ဆောင်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ကုန်တင်အာကာသယာဉ်အား မကြာမီကာလ၊ သင့်လျော်သောအချိန်၌ လွှတ်တင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသအေဂျင်စီက...
ချန်ချွမ်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ချန်ချွမ်းမြို့၌ ရေခဲဆီးနှင်း လမ်းကြောင်းတို ကားမောင်းပြိုင်ပွဲအား ဇန်နဝါရီ ၁၄ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ ပြည်တွင်း၊ ပြည်ပမှ ကားမောင်းပြိုင်ဝါသနာရှင် ၁၀၀ ကျော်က နှစ်ရက်ကြာ ပြိုင်ပွဲအတွင်း လမ်းကြမ်းမောင်း အပါအဝင် အတန်းအစားအသီးသီးတွင်...
ကဘူးလ်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Nimroz ပြည်နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက အုပ်ချုပ်ရေးမှူးရုံးအား ပစ်မှတ်ထားသည့် အသေခံဗုံးခွဲသူ၏ ကြိုးပမ်းမှုအား ဇန်နဝါရီ ၁၄ ရက်က တားဆီးခဲ့ပြီးနောက် တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ “အသေခံဗုံးခွဲသူတစ်ယောက်က Nimroz...
မန္တလေး၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်က စွယ်တော်မြတ်စေတီ အရှေ့မြောက်ဖက်ရှိ ဗောဓိ ၅၀၀၀ နန္ဒဝန်ဗုဒ္ဓဥယျာဉ်တော်အတွင်း ဘုရားအဆူ ၅၀၀၀ တည်ထားကြောင်း သိရသည်။ (Xinhua)
ဂါဇာ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) အစ္စရေး-ဟားမက်စ်ပဋိပက္ခ ဖြစ်ပွားမှုက ရက်ပေါင်း ၁၀၀ ရောက်ရှိလာပြီးနောက် ဂါဇာကမ်းမြောင်ဒေသမှာ ဖျက်ဆီးမှုဒဏ်ခံခဲ့ရပြီး လူပေါင်း ၂၃,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမက်စ်ဦးစီးသည့် အစိုးရမီဒီယာဌာနမှ အချက်အလက်များအရ သိရသည်။ ဂါဇာကမ်းမြောင်ဒေသသည် ပိုမိုဆိုးဝါးလာနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းနှင့် တွေ့ကြုံခံစားရနေရကြောင်း သိရသည်။ (Xinhua)...
ကွီတို၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံ၏ အကျဉ်းထောင်များတွင် အကျဉ်းသားများက ဖမ်းဆီးထားသည့် ဓားစာခံများအားလုံး လွတ်မြောက် သွားခဲ့ပြီဖြစ်ကြောင်း အကျဉ်းထောင်ဌာနဖြစ်သည့် SNAI ကို ကိုးကား၍ ဒေသတွင်းမီဒီယာများက ဇန်နဝါရီ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။ အီကွေဒေါနိုင်ငံ၌ အကြမ်းဖက်မှုများ မြင့်တက်နေစဉ်အတွင်း ဇန်နဝါရီ ၈...
ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ထုတ်လုပ်သည့် AG600M မီးသတ်လေယာဉ်လေးစင်းက ၂၀၂၃ ခုနှစ်အတွင်း လိုက်နာဆောင်ရွက်ရသည့် အဓိကစမ်းသပ်မှုများ ပြီးစီးသွားခဲ့ပြီဖြစ်ကြောင်း တရုတ်လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း(AVIC) ထံမှ သိရသည်။ ပြည်တွင်းထုတ် AG600 ကုန်းရေနှစ်သွယ်သွားလေယာဉ်ကြီး အုပ်စုဝင် AG600M လေယာဉ်က ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင်...
အာဒစ် အာဘာဘာ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)
ကိဗ် ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက အလည်အပတ်ရောက်ရှိလာသော ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ရီရှီဆူနက်ခ် (Rishi Sunak) နှင့် ကိဗ်မြို့၌ တွေဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား ကာကွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုသဘောတူညီချက်ရရှိခဲ့ကြောင်း ယူကရိန်းနိုင်ငံသမ္မတရုံးဝက်ဘ်ဆိုက်၏ ဇန်နဝါရီ ၁၂...
ဝူးလူမုချီ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်းဒေသ အားလက်ထိုက်ခရိုင်ရှိ အဝေးပြေးလမ်းတွင် တောင်စောင်းပေါ်မှ နှင်းခဲထုများ ပြိုကျမှု ဖြစ်ပွားခဲ့ပြီး သွားလာနေသည့် မော်တော်ယာဉ် ၅၄ စီးနှင့် လူ ၂၀၀ ကျော်မှာ အေးခဲနေသောရာသီဥတုအခြေအနေတွင် ပိတ်မိသောင်တင်နေခဲ့ကြောင်း သိရသည်။