ဖနွမ်းပင်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ Cardamom အမျိုးသားဥယျာဉ်၌ မျိုးသုဉ်းလုနီးပါးဖြစ်သော Siamese မိကျောင်းအသိုက် ငါးခုအား ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းမှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း တွေ့ရှိခဲ့ရသမျှ အသိုက်များအနက် ပမာဏကြီးမားသော အရေအတွက်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူအဖွဲ့တစ်ဖွဲ့က ပူးတွဲထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။ (Xinhua)...
အောင်လံ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့ ရွာထောင်ရပ်တွင် တည်ရှိသည့် ဧက ၆၀ ရွှေဓါတ်ကယ်တောင်နှင့်ရွှေဓါတ်ရုပ်များနေရာသို့ ဇူလိုင် ၂၀ ရက် ဝါဆိုလပြည့်နေ့၌ ဘုရားဖူးလာရောက်သူများ၊ အပန်းဖြေသူများဖြင့် စည်ကားနေသောမြင်ကွင်းများ ရိုက်ကူးထားခြင်းဖြစ်ပါသည်။ (Xinhua)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်သို့ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၀ ရက် ဝါဆိုလပြည့်နေ့တွင် လာရောက်လည်ပတ်ကြသည့်မြင်ကွင်းများ (Xinhua)
ရန်ကုန်၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ကုသိုလ်ဒါန သီလပွားများခြင်းစသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ်ဆောင်ရွက်ကြကြောင်း သိရသည်။ ဇူလိုင် ၂၀ ရက် ညပိုင်းတွင် ရန်ကုန်မြို့ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ရှင်စေတီတော်သို့ ဘုရားဖူးပြည်သူများ...
ဘားအံ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ကရင်ပြည်နယ်ရှိ ဇွဲကပင်တောင်ကြီး၏ မိုးရာသီကာလ တိမ်မြူကြားက ပေါ်တစ်ခါ ပျောက်တစ်လှည့် သဘာဝအလှမြင်ကွင်းများနှင့် စိမ်းစိုလှပသော တောင်တက်လမ်းအလှမြင်ကွင်းများကို ဇူလိုင် ၂၀ ရက်က ရိုက်ကူးထားခြင်းဖြစ်ပါသည်။ (Xinhua)
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဘုရားစေတီများ၌ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ ပြည်သူများက တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း၊ အစာကျွေးခြင်းဖြင့် ကုသိုလ်ယူနေကြသည့်မြင်ကွင်းကို ရိုက်ကူးထားခြင်းဖြစ်ပါသည်။ (Xinhua)
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ ပြည်သူများလာရောက်ဖူးမြော်ကြသည့်မြင်ကွင်းကို ရိုက်ကူးထားခြင်းဖြစ်ပါသည်။ (Xinhua)
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးရှိ စပါးခင်းများတွင် ဇူလိုင် ၁၇ ရက်က စပါးရိတ်သိမ်းနေကြသည့် မြင်ကွင်းများကို ရိုက်ကူးဖော်ပြအပ်ပါသည်။ (Xinhua)
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကားကြီးဂိတ်အနီးက အမျိုးအစား စုံလင်လှသည့် ပန်းဈေးတန်းတွင် ဝါဆိုလပြည့်နေ့မတိုင်မီ ပန်းလာရောက်ဝယ်ယူကြသူများကို ဇူလိုင် ၁၉ ရက်က ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ အခါကြီးရက်ကြီးမတိုင်မီ ရက်များအတွင်း ပန်းဈေးကွက်အရောင်းသွက်လေ့ရှိကြောင်း ပန်းရောင်းချသူအချို့ထံမှ သိရသည်။ အဆိုပါ ပန်းဈေးတန်းတွင် ရှမ်းပြည်နယ်...
လျင်ဖန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်တွင် အစပြုဖြစ်ပေါ်ခဲ့သည့် ဝေးဖုန်းမောင်းနှင့်ဗုံက နှစ်ပေါင်း ၄,၀၀၀ သက်တမ်းရှိ အနုပညာအမျိုးအစား ဖြစ်ပြီး အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းဝင်ခဲ့ကြောင်း သိရသည်။ (Xinhua) …………………….. (English Version) Awe-inspiring gongs and...