ဟာအယ်ပင်း ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် မြို့တော် ဟာအယ်ပင်းမြို့၌ အရည်အသွေးမြင့် ခရီးသွားရထားဝန်ဆောင်မှုအသစ် စမ်းသပ်ပြေးဆွဲခြင်းအား ဇွန် ၁၈ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
လော့စ်အိန်ဂျလိစ် ၊ ဇွန်၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ ၂၀၂၃ ကယ်လီဖိုးနီးယား ဖရဲသီးပွဲတော်အား ပြီးခဲ့သောသီတင်းပတ်တွင် ကျင်းပခဲ့ပြီး ပွဲတော်တွင် ဖရဲသီး အခမဲ့ကျွေးမွေးခြင်း ၊ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုများ ၊ ပျော်ပွဲရွှင်ပွဲများ နှင့် အခြားသော မိသားစုလှုပ်ရှားမှုများ ပါဝင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဇွန် ၁၉ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက အဆွေတော်နိုင်ငံခြားရေးဝန်ကြီး၏ ယခုပေကျင်းခရီးစဉ်သည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ အရေးကြီးအခိုက်အတန့်နှင့်တိုက်ဆိုင်ပြီး...
ပေကျင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဇွန် ၁၈ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တတိယအကြိမ်မြောက် ကမ္ဘာ့ မူလတန်းကျောင်းသား၊ ကျောင်းသူများ “တရုတ်စာပေ ပေါင်းကူးတံတား” တရုတ်စာစွမ်းရည်ပြ ပြိုင်ပွဲ(Chinese Bridge-Chinese Show) (ရန်ကုန်) နောက်ဆုံးအဆင့် ပြိုင်ပွဲ ကို “ပျော်ရွှင်စဖွယ် တရုတ်စာပေ”ဟူသော ခေါင်းစဉ်ဖြင့် ဇွန် ၁၈ ရက်က ရန်ကုန်မြို့ရှိ...
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ဝါရင့်လက်ဝှေ့ကျော်များအပြင် မျိုးဆက်သစ်ကစားသမားများပါဝင် ယှဉ်ပြိုင်ကြသည့် ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ဇွန် ၁၈ ရက်က သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပခဲ့သည်။ ဗိုလ်လုပွဲစဥ်များ ယှဉ်ပြိုင်ကစားမှု အပြီး ၅၇ ကီလိုတန်းတွင် သွေးလင်းထက်(ဒေါနတောင်ခြေ)၊ ၆၀ ကီလိုတန်းတွင်...
ရှီးနင် ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှီးနင်မြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် ကော်ဇောပြပွဲတွင် ပြည်တွင်း ၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များက ကော်ဇောယဉ်ကျေးမှုကို မျှဝေရေး နှင့် တရုတ်နိုင်ငံ ဈေးကွက်အတွင်းသို့ ဝင်ရောက်ရေး တို့အတွက် လက်ရာမြောက်သော ကော်ဇောများအား ယူဆောင်လာခဲ့ကြောင်း သိရသည်။ (Xinhua)...
စိန့်ပီတာဘာ့ခ် ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် မကြုံစဖူးဖြစ်သော စိန်ခေါ်မှုများ ရင်ဆိုင်နေရချိန်တွင် စီးပွားရေး တည်ငြိမ်မှုကို အောင်မြင်စွာ ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သမ္မတ ဗလာတီမာပူတင်က ဇွန် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ကိုပင်ဟေဂင် ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) ဒိန်းမတ်နိုင်ငံ Fanoe ကျွန်း၌ ကျင်းပသည့် စွန်လွှတ်ပွဲတော်အတွင်း တရုတ်ရိုးရာစွန်များကို နွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးအနောက်ရပ်ကွက်၊ မြန်မာ့ဂုဏ်ရည် လမ်းမ ( ၈၇ လမ်း) အနီးရှိ တိုက်ခန်းတစ်ခုတွင် ဇွန် ၁၈ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်တွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သည်။